
ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း တစ်ခါမဟုတ်တစ်ခါတော့ fatal
error ဆိုတာကိုမြင်ဖူးကြုံဖူးကြမှာပါ။
Fatal error တက်လာတဲ့အခါမှာ ထွက်လာတဲ့စာသားက”Enter to return to Windows or press
Control-Alt-Delete to restart your computer. If you do this you will lose any
unsaved information in all open applications.” ပါတဲ့။Microsoft Windows 98 မှာ အများဆုံးတွေ့တတ်ပါတယ်။
Ctrl+Alt+Delete ကိုနှစ်ခါဆက်တိုက်နှိပ်လိုက်မိတဲ့အချိန်မှာ အထက်ကစာသားမျိုးထွက်လာပါလိမ့်မယ်။Enterကိုနှိပ်ရင်
Windows ကိုရောက်သွားမယ်၊ Ctrl+Alt+Deleteကိုထပ်နှိပ်မယ်ဆိုရင်တော့ Computer က
Restart ဖြစ်သွားပါလိမ့်မယ်။ Restartဖြစ်သွားမယ်ဆိုရင် လည်းလက်ရှိလုပ်နေတဲ့အလုပ်တွေ
save လုပ်မထားရင်တော့အကုန်ပျက်ကုန်မှာပေါ့။Windows XP မှာတော့ အဲဒီလိုမျိုးဖြစ်ခဲပါတယ်။
Ctrl+Alt+Delete နှစ်ခါနှိပ်လည်း Task Manager ပဲထွက်လာမှာပါ။ ဒါပေမယ့်ဘယ်ဝင်းဒိုးမှာပဲဖြစ်ဖြစ်
ကြုံတွေ့နိုင်တဲ့ အဆိုးဝါးဆုံး error ကတော့ BlueScreen of Death လို့ခေါ်တဲ့ အပြာပြင်နောက်ခံနဲ့စာသားတွေတက်လာပြီးချက်ချင်းထိုးရပ်သွားတတ်တာပါပဲ။
ဒီလိုဖြစ်ပြီဆိုရင်တော့Restart လုပ်ရုံမှတပါး အခြားမရှိတော့ပါဘူး။ Saveမလုပ်ထားသမျှတော့သဲထဲရေသွန်ဖြစ်ပြီပေါ့ဗျာ။ဒီလိုအဖြစ်မျိုးမကြုံရအောင်ကြိုတင်ကာကွယ်ဖို့ဆိုရင်
ဘာကြောင့်ဒီလိုဖြစ်တတ်တယ်ဆိုတာသိထားရင်….အကောင်းဆုံးပါပဲ။
computer crash ဖြစ်နိုင်တဲ့အဓိက အကြောင်းရင်း (၁၀) ခု ရှိတယ်ဗျ။အဲဒီ (၁၀) ချက်ကဘာတွေလဲဆိုတော့
1. Hardware conflict
2. Bad Ram
3. BIOS settings
4. Hard disk drives
5. Fatal OE exceptions and VXD errors
6. Viruses
7. Printers
8. Software
9. Overheating
10. Power supply problems
1. Hardware conflict
Windows crashes ဖြစ်နိုင်တဲ့အကြောင်းအရာအများကြီးထဲမှာမှ အဖြစ်နိုင်ဆုံး အကြောင်းရင်းတစ်ခုက
ဟာ့ဒ်ဝဲအချင်းချင်းအဆင်မပြေဖြစ်တာပါပဲ။
ဟာ့ဒ်ဝဲတစ်ခုစီအတွက်ကွန်ပျူတာကို ချိတ်ဆက်တဲ့အခါမှာ ဘယ်လမ်းကြောင်းကနေချိတ်ဆက်မလဲဆိုတဲ့Interrupt
Request Channel (IRQ) တွေ သတ်မှတ် ထားတာရှိပါတယ်။
ပစ္စည်းတစ်ခုချင်းစီအတွက်သီးသန့်လမ်းကြောင်းတွေရှိပြီးသားပါ။
အများဆုံးအသုံးပြုတာတွေကတော့………..ဒီလိုဗျ။
IRQ 0
System Timer
IRQ 1
Keyboard
IRQ 2
Cascaded with IRQ 9
IRQ 3
Default COM2 and COM4IRQ 4
Default COM1 and COM3
IRQ 5
LPT2
IRQ 6
Floppy Drive Controller
IRQ 7
LPT1
IRQ 8
Real Time Clock
IRQ 9
SEE 2
IRQ 10
Open
IRQ 11
Open
IRQ 12
PS/2 mouse or Open
IRQ 13
Math Coprocessor
IRQ 14
Primary Hard Drive controller
IRQ 15
Secondary Hard Drive controller
Devices တွေအများကြီးတပ်လိုက်တဲ့အခါမှာ၊ ဒါမဟုတ် ဟာ့ဒ်ဝဲအတွက် Driver ကိုမှန်မှန်ကန်ကန်မတင်ခဲ့တဲ့အခါမျိုးမှာအဲဒီ
Devices တွေထဲကနှစ်ခုက IRQ လမ်းကြောင်းတစ်ခုတည်းကို အတူတူ request လုပ်တာ မျိုးဖြစ်တတ်ပါတယ်။
အဲဒီ Devices တွေကို တစ်ခုချင်းသုံးနေတဲ့အချိန်မှာ ပြဿနာမရှိပေမယ့်နှစ်ခုလုံးကိုပြိုင်တူသုံးတဲ့အခါမျိုးမှာတော့
conflict ဖြစ်ပြီး ကွန်ပျူတာ crash ဖြစ်တော့တာပါပဲ။ ဒီတော့ သုံးနေတဲ့ ကွန်ပျူတာမှာ
Hardware conflict ဖြစ်မဖြစ်ကို စစ်ဆေးကြည့်ရအောင်ဗျာ။
Computer Management အောက်မှာရှိတဲ့ Device Manager မှာသွားကြည့်နိုင်ပါတယ်။Device
Manager ကိုရောက်ဖို့အတွက်ကMy Computer မှာ Right Click နှိပ်၊ထွက်လာတဲ့ Menu Box ထဲက
Manage ကိုရွေးလိုက်ရင်Computer Management Windows ထွက်လာပါလိမ့်မယ်။
ဘယ်ဘက်အခြမ်း System Tools အောက်က Device Manager ကိုနှိပ်လိုက်တဲ့အခါညာဘက်အခြမ်းက
အကွက်မှာ ကွန်ပျူတာထဲမှာ တပ်ထားတဲ့ Device တွေကိုပြပါလိမ့်မယ်။တကယ်လို့ တပ်ဆင်ထားတဲ့
Hardware မှာ ပြဿနာတစ်ခုခုရှိမယ်ဆိုရင်အ၀ါရောင် ! ပုံလေးဖြစ်နေပါလိမ့်မယ်။ဒီသင်္ကေတကဘာကိုဆိုလိုလဲဆိုတော့…အဲဒီ
Device ကိုဝင်းဒိုးကသိတော့သိတယ်…..ဒါပေမယ့်အသေအချာမသိဘူးတဲ့။စက်မှာ လာတပ်ထားလို့ ရှိမှန်းတော့သိတယ်၊
ဒါပေမယ့် ဘယ်လိုသုံးရမှန်းမသိဘူးပေါ့ဗျာ။အသုံးပြုဖို့ရာ တစ်ခုခုလိုအပ်နေလို့ပေါ့၊ အများအားဖြင့်
Driver မှားနေတာမျိုး၊ Driver မစုံတာမျိုးကြောင့်ဖြစ်တတ်ပါတယ်။လုံးဝကိုမသိဘူးဆိုရင်တော့
အ၀ါရောင် မေးခွန်းအမှတ်အသားလေးဖြစ်နေပါလိမ့်မယ်။
Computer မှာသုံးနေတဲ့ IRQ နံပါတ်တွေကိုသိချင်တယ်ဆိုရင်တော့ ပထမဦးဆုံးView menu မှာ
Resources by type ကိုပြောင်းပေးဖို့လိုပါတယ်။
ပြောင်းပြီးတဲ့အခါ Interrupt request (IRQ) ဘေးကအပေါင်းလက္ခဏာပေါ်မှာတစ်ချက်နှိပ်လိုက်တဲ့အခါ
ကွန်ပျူတာမှာသုံးနေတဲ့ IRQနံပါတ်တွေစီတန်းထွက်လာပါပြီ။
အဲဒီမှာ IRQ နံပါတ်တစ်ခုဟာ နှစ်ခါထွက်နေမယ်ဆိုရင် Device နှစ်ခုက အဲဒီ IRQ ကို အသုံးပြုနေလို့ပါပဲ။
ဒီပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ပြဿနာဖြစ်နေတဲ့ Device ကိုဖယ်ထုတ်ပစ်ပြီး
Reinstall ပြန်လုပ်ဖို့ပါပဲ။
Reinstall လုပ်တဲ့နေရာမှာ Driver ကိုပါအသစ်ပြန်တင်ပေးဖို့လိုပါတယ်။Driver အတွက် အကောင်းဆုံးနေရာကတော့
http://www.driverguide.com (http://www.driverguide.com/) ဖြစ်ပါတယ်။Register လုပ်ထားဖို့လိုအပ်ပေမယ့်……အခမဲ့ပါ။
Driver အမျိုးအစားပေါင်းမြောက်များစွာရရှိနိုင်တဲ့နေရာတစ်ခုပါပဲ၊ တကယ်လို့ကိုယ်လိုချင်တဲ့
Driver က အဲဒီ Website ရဲ့ Database မှာမရှိဘူးဆိုရင်လည်းမှာခဲ့လို့ရပါတယ်။ Mother
Board မှာSlot အပိုရှိခဲ့မယ်ဆိုရင် ပြဿနာဖြစ်နေတဲ့ Hardware ကို
အဲဒီအပိုSlot မှာပြောင်းစိုက်လိုက်တဲ့အခါမှာလည်းအဆင်ပြေသွားတတ်ပါတယ်။ Changing IRQ
SettingsIRQ conflict ဖြစ်တဲ့ပြဿနာကိုဖြေရှင်းဖို့နောက်ထပ်နည်းလမ်းတစ်ခုကတော့IRQ
setting ကို Manually ပြောင်းပေးခြင်းပဲဖြစ်ပါတယ်။တစ်ခုသတိထားရမှာက…ပြောင်းပေးလို့ရတယ်ဆိုပေမယ့်…အခါခပ်သိမ်းအဆင်ပြေချင်မှပြေမှာပါ။
ဒါပေမယ့်လည်း…စမ်းကြည့်ချင်တယ်ဆိုရင်တော့..ပြောင်းပုံပြောင်းနည်းကဒီလိုပါ။[list=1]ကိုယ်ပြောင်းချင်တဲ့
Device ပေါ်မှာ Right-click နှိပ်ပြီး Properties ကိုရွေးပါ။
Properties Box ထွက်လာပြီဆိုရင် Resources tab ကိုဆက်နှိပ်ပါ။
Use automatic settings ဘေးကအမှန်ခြစ်လေးကိုဖြုတ်လိုက်ပါ။
Pull down box ထဲက non-conflicting configuration ကိုရွေးပါ။
နောက်ဆုံးအဆင့် OK ပေါ့ဗျာ။
ဒီနေရာမှာ တစ်ခုခြွင်းချက်ရှိတာက Windows XP မှာ IRQ Setting ကို Manuallyပြောင်းမရတာမျိုးရှိတတ်ပါတယ်။
အဲဒီလိုမျိုးဖြစ်နေရင်တော့…….အပေါ်မှာပြောခဲ့သလိုပဲ…….နေရာပြောင်းစိုက်ကြည့်ပါ။
2. Bad Ram
ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။
ဒီRam ကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။
fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။
တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဒါပေမယ့် Ram ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ
– 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ
ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှ Ram ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory
များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက
70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns
Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။
ဖြေရှင်းဖို့ ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့်
Ram ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က Ram တွေကို
နေရာပြောင်းကြည့်ခြင်းပါပဲ။
Ram ကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့
Static charge ကြောင့် Ram ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့……..မတူညီတဲ့ အမြန်နှုန်းနဲ့
Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။
3. BIOS settings
Motherboard တိုင်းမှာ အသုံးပြုထားတဲ့ chipset တွေရဲ့ Setting ကိုထိန်းချုပ်ပြောင်းလဲပေးနိုင်ပါတယ်။ဒီSetting
တွေကိုဝင်ဖို့အတွက် Boot up စတက်လာတဲ့အချိန်မှာF2 ဒါမှမဟုတ် Delete ကိုနှိပ်ပေးလိုက်ရပါတယ်။ဘယ်ကီးကိုနှိပ်ရမလဲဆိုတာကတော့
Montherboard အမျိုးအစားပေါ်မူတည်ပါလိမ့်မယ်။
BIOS မှာ ပြင်တော့မယ်ဆိုရင် သတိကြီးကြီး ထားဖို့တော့ လိုအပ်ပါတယ်။အကောင်းဆုံးကတော့
မူလ setting တွေကို စာရွက်တစ်ရွက်ပေါ်မှာချရေးထားဖို့ပါပဲ။
ဒါမှ ပြင်ပြီးတဲ့နောက် ကွန်ပျူတာမှာ ချို့ယွင်းချက် တစ်ခုခုဖြစ်သွားပြီဆိုရင်နဂိုအတိုင်းပြန်ပြောင်းပေးနိုင်တာပေါ့ဗျာ။ဘယ်
Setting မှားနေတယ်ဆိုတာကတော့ Blue of Death Screen တက်လာတဲ့အခါမှာဖော်ပြပေးတဲ့ အချက်အလက်တွေကိုကြည့်ပြီးမှ
ဆုံးဖြတ်ရတာဆိုတော့ပြောဖို့ရာ အခက်သား…မှားနိုင်စရာတွေကအများကြီးရှိတာကိုး။ဘယ်လိုမှ
မသိတော့ဘူးဆိုတော့ Fail safe default နဲ့သာသုံးပေတော့ဗျို့။Bios setting မှာ
Memory နဲ့ပါတ်သတ်ပြီး အမှားတစ်ခုခုဖြစ်နေခဲ့ရင်Ram lock ဖြစ်သွားပြီး ကွန်ပျူတာရဲ့မြင်ကွင်းကို
ရပ်သွားစေနိုင်ပါတယ်။အများအားဖြင့် EDO Ram နဲ့ SD Ram setting မှားပေးခဲ့တဲ့အခါမျိုးမှာပေါ့။MS
windows တွေဟာ IRQ နံပါတ်တွေကို အလိုအလျှောက်သတ်မှတ်ပေးနိုင်တဲ့အတွက်IRQ နံပါတ်တွေအတွက်
BIOS မှာ အော်တိုသားထားပေးခဲ့လိုက်ရင်Windows က သူ့အလိုလိုအဆင်ပြေအောင်သတ်မှတ်ပေးသွားပါလိမ့်မယ်။
4. Hard disk drives
ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk ကိုအသုံးပြုတာကြာလာတဲ့အခါမှာ
Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard
disk fragmented ဖြစ်တယ်ပေါ့ဗျာ။ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော့Start>Programs>Accessories>System
Tools>Disk Defragmenter ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲDefragment
လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့် ကျနော်တို့အနေနဲ့
ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။ နောက်ထပ်သတိထားသင့်တာ
တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။ Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။
Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်များများရနိုင်မှာပါ။start>run>%temp%
ဆိုရင် Temporary folder ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…software
တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်များများဖျက်လို့ရပါတယ်။Recycle
Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာအလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete
နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။
ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုပါတယ်၊ Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက
Hard disk မှာ errors တွေ၊ bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့
scan လုပ်ပေးသင့်ပါတယ်။
Start>All programs>Accessories>System tools>Scan
Disk ကိုသွားပြီး လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ
ဖြစ်နေတတ်ပါတယ်။ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS
ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard
disk ရဲ့ Properties ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က
Check Now နဲ့စစ်လည်းဖြစ်ပါတယ်။
Hard disk drivesကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard
disk ထဲမှာ သိုလှောင်ထားတဲ့ ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။
Fragemented ဖြစ်တယ်ပေါ့ဗျာ။Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့
အတွက်ဆိုရင် အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။
Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့်လည်း
ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Disk Defragmenter ကိုအသုံးပြုဖို့အတွက်
Start>All Programs>Accessories>System Tools>Disk
Defragmenter သို့သွားပါဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ဒီနေရာမှာ
သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard
disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ
Defragement လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Disk Defragmenter Windows ထွက်လာတဲ့နေရာဆီ
ပြန်သွားကြည့်ရအောင်။
Analyze buttom နဲ့ Hard drive ပေါ်ကဖိုင်တွေ Fragement ဖြစ်မဖြစ်စစ်ဆေးနိုင်ပါတယ်။Analyze
လုပ်ပြီးတဲ့အခါ Defragement လုပ်ဖို့လိုမလိုဆိုတဲ့ Result ထွက်လာပါလိမ့်မယ်။တစ်ခါတည်း
Defragement လုပ်မယ်ဆိုရင်တော့ Defragement buttom ကိုနှိပ်လိုက်တာနဲ့Analyze ရော၊
Defragement ပါတစ်ခါတည်းလုပ်သွားပါလိမ့်မယ်။ Defragement လုပ်ဖို့ရာHard disk မှာ
Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ
အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်
Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။
Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့်
Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း
အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို
လစဉ်စစ်ဆေးသင့်ပါတယ်။
Start>Programs>Accessories>System Tools>Scan Disk သို့ဝင်ရောက်ပြီး
Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ
Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့
Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။
Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။
System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ
Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့
စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွားပါလိမ့်မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard
disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး
5. Fatal OE exceptions and VXD errors
ဒီError အမျိုးအစားက ဗီဒီယိုကဒ်ကြောင့်ဖြစ်တတ်ပါတယ်။ ဟိုးအရင်ကဒ်အဟောင်းတွေမှာသာ အဖြစ်များပြီး
အခုခေတ်ပေါ်ကဒ်များမှာတော့အဖြစ်နည်းသွားတာတွေ့ရပါတယ်။ အများအားဖြင့် Graphic Memory
နည်းတဲ့ကဒ်များမှာ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းအချို့ရှိပါတယ်။ပထမဦးဆုံးနည်းလမ်းကတော့
Resolution ကိုလျော့ချခြင်းပါ။Start>Settings>Control
Panel>Display>Settings tab သို့သွား၍ဖြစ်စေDesktop အလွတ်တစ်နေရာကို
Mouse ထောက်ပြီး Properties ကိုခေါ်၍ဖြစ်စေ Display Properties box ကိုဖွင့်ပါ။
Screen Resolution အောက်မှာ Slide bar လေးကို ဘယ်ညာရွှေ့ခြင်းဖြင့် Screen
Resolution ကိုချိန်ညှိပေးနိုင်ပါတယ်။Color quality အောက်မှာ Color အရည်အသွေးကိုလည်းချိန်ပေးနိုင်ပါတယ်။ဂရပ်ဖစ်ကဒ်က
မကောင်းဘူးဆိုရင်တော့ 16bit ထားတာအကောင်းဆုံးပါပဲ။ရံဖန်ရံခါမှာဂရပ်ဖစ်ကဒ်မကောင်းတာကြောင့်မဟုတ်ပဲ
Hardware conflict ကြောင့်လည်း Screenfreeze ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဆိုရင်တော့
Hardware conflictဖြစ်မဖြစ်ဆိုတာအရင်ကဖော်ပြခဲ့တဲ့နည်းအတိုင်းစစ်ဆေးနိုင်ပါတယ်။ဂရပ်ဖစ်ကဒ်အတွက်
No Conflict ဖြစ်တာသေချာဖို့ စစ်ဆေးပါ။ တကယ်လို့ Conflictဖြစ်နေတာကိုတွေ့ခဲ့မယ်ဆိုရင်
Automatic Settings ဘေးက အမှန်ခြစ်ကိုဖြုတ်ပစ်ပါ။အဲဒီနောက် Change Setting ကိုနှိပ်ပြီး
Conflict မဖြစ်နိုင်တဲ့ Setting တစ်ခုခုကိုရှာရွေးလိုက်ပါ။
6. Viruses
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများစွာထဲမှ ဖြစ်နိုင်ခြေအရှိဆုံးအရာကတော့ဗိုင်းရပ်စ်ကြောင့်ပါ။
ဗိုင်းရပ်စ်ကာကွယ်တဲ့ဆော့ဖ်ဝဲသာတင်မထားခဲ့ဘူးဆိုရင်ကွန်ပျူတာကို ပထမဦးဆုံး ဗိုင်းရပ်စ်ကူးစက်တာနဲပ
ချက်ချင်းမသိနိုင်ပါဘူး။ဗိုင်းရပ်စ်ဆိုတာမျိုးက တိတ်တဆိတ်ဝင်ရောက်လာတတ်တာမျိုးပါ။ဗိုင်းရပ်စ်အကြောင်းက
ကျယ်ပြန့်လွန်းလို့ ဒီနေရာမှာတော့အကျဉ်းချုပ်ပဲရေးပါရစေ။ နောက်များမှခေါင်းစဉ်တစ်ခုနဲ့သီးသန့်ထပ်ရေးပါဦးမယ်။ဗိုင်းရပ်စ်တွေမှာဖျက်ဆီးတဲ့ပုံစံအမျိုးမျိုးရှိပါတယ်။
အဓိကအနေနဲ့ Operating Systemအလုပ်မလုပ်နိုင်အောင် OSကအသုံးပြုတဲ့ဖိုင်တွေကိုဖျက်ဆီးပြီးနှောက်ယှက်တာပါပဲ။အချို့ဗိုင်းရပ်စ်များက
Hard drive ရဲ့ Boot sectorကိုဖျက်ပစ်လိုက်တဲ့အထိဆိုးရွားးပါတယ်။Boot sector ပျောက်ပြီဆိုမှတော့
OSကမတတ်နိုင်တော့ဘူးပေါ့။ အခြားဖျက်ဆီးနည်းတွေလည်းအများကြီးပါ။ဗိုင်းရပ်စ်ကိုကြောက်လို့
ကာကွယ်ဖို့ အကာအကွယ်
ဆော့ဖ်ဝဲတင်မယ်ဆိုရင်လည်းဒီကနေ့ခေတ်ကမ္ဘာကြီးမှာ့  Antivirus software တွေကပေါများလိုက်တာ။လုံးဝဥဿုံအပြည့်စုံဆုံး၊အကောင်းဆုံးဆိုတဲ့
ဗိုင်းရပ်စ်အကာအကွယ်ဆော့ဖ်ဝဲဆိုတာတော့ မရှိပါဘူး။သူဟာနဲ့သူ ကောင်းကွက်ဆိုးကွက်တွေနဲ့ချည်းပါပဲ။
ခေတ်အစားဆုံး Antivirussoftware များမှာ Norton, McAfee, Kaspersky, AVG, Bit
defender, NOD32,Symantec တွေပါပဲ။ ဘယ် ဘယ်လောက်ကောင်းတဲ့ဗိုင်းရပ်စ်ကာကွယ်ရေးဆော့ဖ်ဝဲပဲဖြစ်ဖြစ်
Virus signature ဟာ အမြဲတမ်းUpdate ဖြစ်နေဖို့လိုပါတယ်။ တကယ်တော့ Antivirus ဆိုတာကလည်း
ဗိုင်းရပ်စ်Source code များကိုစုစည်းထားပြီး ဗိုင်းရပ်စ်ဟုတ်မဟုတ်ကိုအဲဒီကုဒ်များနဲ့
တိုက်ဆိုင်စစ်ဆေးကြည့်ရတာဆိုတော့ဗိုင်းရပ်စ်အသစ်ထွက်လာတိုင်း အဲဒီဗိုင်းရပ်စ်ကုဒ်ကို
ဆော့ဖ်ဝဲရဲ့ Virussignature database မှာထည့်ထားပါမှ သိနိုင်မှာပါ။ ဒါကြောင့်
Antivirusကိုအမြဲတမ်း အပ်ဒိတ်လုပ်ထားဖို့လိုအပ်ပါတယ်။
7. Printers
Printerကြောင့်လည်း ကွန်ပျူတာ Crash ဖြစ်နိုင်ပါတယ်။ Document တစ်ခုခုကိုပရင့်ထုတ်တဲ့
အခါမှာ မူရင်းဖိုင်ထက်ကြီးတဲ့ Postscriptဖိုင်တစ်ခုကိုဖန်တီးရလေ့ရှိပါတယ်။ တကယ်လို့
ပရင်တာမှာ Buffer လို့ခေါ်တဲ့ကိုယ်ပိုင် Memory နည်းနေမယ်ဆိုရင် Post script ဖိုင်ကပမာဏများနေမယ်ဆိုရင်
Printer ကို Over Load ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ပရင့်ထုတ်တဲ့အခါ CPU ကိုလည်းသိသိသာသာအသုံးပြုတဲ့အတွက်
ကွန်ပျူတာကိုနှေးသွားစေနိုင်ပါတယ်။တကယ်လို့ပရင်ထုတ်လိုက်တဲ့အခါမှာ ထုတ်လိုက်တဲ့ စာသားတွေမဟုတ်ပဲပုံစံအမျိုးမျိုးနဲ့စာတွေ
ထွက်လာပြီဆိုရင်တော့ အဲဒီပရင်တာကိုသုံးတဲ့အခါအခန့်မသင့်ရင် ကွန်ပျူတာကို Crash ဖြစ်စေနိုင်ပါတယ်။
Printer buffer မှာOver Load ဖြစ်တာများသွားခဲ့ရင် အလိုအလျောက်ရှင်းမ ပေးနိုင်တော့ပါဘူး။ဒီလိုဆိုရင်တော့
ပရင်တာကို စက္ကန့် 30 လောက် ပါဝါကြိုးဖြုတ်ထားပေးပြီးမှပြန်တပ်ပေးခြင်းအားဖြင့် နဂိုရှိပြီးသား
Command များကိုရှင်းပေးနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ပရင်တာများမှာလည်း Built-in
Memoryတွေတဖြည်းဖြည်းနဲ့များလာတဲ့အတွက် ပရင့်ထုတ်လိုက်လို့ကွန်ပျူတာထိုးရပ်သွားတာမျိုးက
ရှားသွားပါပြီ။ ဟိုးအရင်က ပရင်တာတွေကိုသုံးမယ်ဆိုရင်တော့ အခန့်မသင့်ရင်ဖြစ်နိုင်ပါတယ်။
8. Software
ကွန်ပျူတာမှာအသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း ကွန်ပျူတာအသုံးပြုနေစဉ်
ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှစနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။
ရံဖန်ရံခါမှာဆော့ဖ်ဝဲကို ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့
NortonUninstall ဒါမှမဟုတ် Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။
ဒီဆော့ဖ်ဝဲများဟာ သမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။Registry
ကိုပါရှင်းပေးထားပါမှ
ဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်းရှင်းလင်းလင်းတင် ပေးနိုင်မှာပါ။ Registry မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင်
အသစ်တင်လိုက်တဲ့အခါမှာထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီး ဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry
ကိုရှင်းပေးတဲ့အခြား
ဆော့ဖ်ဝဲများလည်းရှိပါတယ်။ Registry Mechanics, System Mechanics, One click
maintenance, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင်
သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင် OS တစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။
9. Overheating
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး ပြဿနာက အပူလွန်ကဲခြင်းပါပဲ။
Software ကိုသာမက Hardwareကိုပါပျက်စီးစေနိုင်တဲ့အတွက် ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး
အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့
ပန်ကာများတပ်ဆင်ထားပေးရပါတယ်။ တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ
အပူလွန်ကဲလာပြီး Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့အအေးခံစနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကို
ချက်ခြင်းစစ်ဆေးသင့်ပါတယ်။
Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း
အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့ အအေးခံစနစ်မရှိပဲ
Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကို
BIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။
ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့် တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။
10. Power supply problems
ကွန်ပျူတာကိုထိုးရပ်သွားစေတဲ့ နောက်ဆုံးအကြောင်းရင်းကတော့ ပါဝါဆပ်ပလိုင်းပြဿနာဖြစ်ပါတယ်။
လျှပ်စစ်မီးအား မတည်ငြိမ်ပဲအတက်အကျဖြစ်တာ ဒါမှမဟုတ်ရုတ်တရက်ပျက်တောက်သွားတာ များလာတဲ့အခါ
ပါဝါဆပ်ပလိုင်းကိုထိခိုက်လာစေနိုင်ပါတယ်။ပါဝါဆပ်ပလိုင်းလုပ်ဆောင်မှုမမှန်တော့ဘူးဆိုရင်
ကွန်ပျူတာအတွင်းရှိ အခြားအစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်ပြီး ကွန်ပျူတာထိုးရပ်သွားနိုင်ပါတယ်။
ဒါကြောင့် UPSနဲ့တွဲဖက်အသုံးပြုတာ စိတ်အနှောက်အယှက်အကင်းဆုံးဖြစ်ပါလိမ့်မယ်။ UPSအသုံးပြုခြင်းဖြင့်
ပါဝါဆပ်ပလိုင်း သက်တမ်းကြာရှည်စေတဲ့အပြင်မီးပျက်သွားတဲ့အခါမှာ ကိုယ်လုပ်ထားသမျှအလုပ်အားလုံးကို
သိမ်းဆည်းချိန်နဲ့ကွန်ပျူတာကို စနစ်တကျပိတ်ချိန်ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင်
UPS ကိုတစ်ပါတည်းဝယ်ခြင်းဟာ အကောင်းဆုံးပါပဲ။