ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Friday, July 31, 2015

Windows 10 ကို အလွယ်ကူဆုံးနည်းဖြင့် Upgrade ပြုလုပ်ခြင်း


Windows 7 သို့မဟုတ် Windows 8 တို့ကနေ Windows 10 ကို လွယ်လွယ်ကူကူနဲ့ Upgrade ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
Windows 10 ကို Upgrade ပြုလုပ်ရန်အတွက် http://www.microsoft.com/en-us/software-download/windows10 ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက် နေရာရောက်ရင် ဝက်ဘ်ဆိုက်ရဲ့ အောက်ခြေနားမှာ Download Tool Now (32-bit version) နဲ့ (64-bit version) ဆိုတာ ကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ နေရာမှာ လက်ရှိကိုယ်တင်ထားတဲ့ Windows နဲ့ ကိုက်ညီတဲ့ ဖိုင်ကို download ပြုလုပ်လိုက်ပါ။

ပြီးသွားရင် MediaCreationTool ဆိုတဲ့ ဖိုင်ကိုတွေ့ရပါမယ်။ အဆိုပါ ဖိုင်ကို Run လိုက်ပါ။ Run လိုက်ရင် Downloading Windows 10 ဆိုတာကိုတွေ့ရပါမယ်။ အဆိုပါ နေရာမှာ Windows 10 ဖိုင်တွေကို download ပြုလုပ်မှာဖြစ်တဲ့အတွက် အချိန်ကြာနိုင်ပါလိမ့်မယ်။
Download ပြုလုပ်ပြီးသွားတဲ့အချိန်မှာ Windows 10 ဖိုင်တွေကို copy ပြုလုပ်သွားမှာဖြစ်ပြီး copy ပြုလုပ်တဲ့ အဆင့်ပြီးသွားရင် ဖိုင်တွေကို Install ပြုလုပ်တဲ့အဆင့်ကို တစ်ခါတည်း ဆက်ပြီး အလုပ်လုပ်ဆောင်သွားပါ လိမ့်မယ်။
အထက်ပါ အဆင့်တွေပြီးသွားပြီဆိုရင် Setting တွေကို Configuration ပြုလုပ်တဲ့ လုပ်ငန်းကို တစ်ခါတည်း လုပ်ဆောင်သွားပါလိမ့်မယ်။ ပြီးသွားရင် PC ကို Restart ပြုလုပ်ပြီးသွားတာနဲ့ Windows 10 ကို စတင်သုံးနိုင်ပါပြီ။

ကွန်ပျူတာ ကို မြန်ဆန်အောင် ပြုလုပ်တဲ့နည်း

ios- 7 အထက် အိုင်ဖုန်းမှာ မြန်မာစာနဲ့ မြန်မာကီးဘုတ် မှန်ကန်စွာသွင်းယူနည်း



မြန်မာစာမထည့်တတ်သူတွေ ထည့်နည်းအပြည့်အစုံမသိသေးသူတွေ

ဒီနည်းအတိုင်း လုပ်ကြည့်ပါ -လေ့လာလိုသူ အောက်ကလင့်မှာဆွဲပါ

ဒီနည်းက ကိုမိုးသကြားရေးထားတာပါ ပြန်လည်မျှဝေခြင်းဖြစ်ပါ၏

Download -IOS7+++မြန်မာဖောင့်နဲ့ ကီးဘုတ်ထည့်နည်း.pdf

Thursday, July 30, 2015

ดราฟโลโก้ด้วย CorelDRAW





သူငယ်ချင်းတို့ အားလုံးပဲ မင်္ဂလာပါ ခင်ဗျား
အခုကျွန်တော် တင်ပေးလိုက်တာကတော့
ဖုန်း ဗားရှင်းမြှင့် ချင်တယ်လို့ ပြောပြောနေကြတဲ့ သူငယ်ချင်းတွေအတွက် ဖုန်း ဗားရှင်း.4.4.4.သုံးလုံး အထိ အလွယ်ဆုံးမြှင့်နည်းလေးပါ ခင်ဗျား
{ နည်းပညာမျှဝေသူ ညီညီဇော် }
ဒါကတော့ ပြုလုပ်နည်းကိုသိမ်းထားချင်တဲ့ သူငယ်ချင်းတွေအတွက် pdfစာအုပ်လေးလုပ်ထားပေးပါတယ်
ဒါက pdfစာအုပ်လေးပါ
https://www.dropbox.com/…/%E1%80%96%E1%80%AF%E1%80%94%E1%80…
ဒါက ဖုန်းဗားရှင်းမြှင့်တဲ့ RoorBrowser apkလေးပါ
https://www.dropbox.com/…/%E1%80%96%E1%80%AF%E1%80%94%E1%80…
{ နည်းပညာမျှဝေသူ ညီညီဇော် }

Wednesday, July 29, 2015

AirDroid: Remotely manage your Android from a Web browser





မိုဘိုင်းဖုန်းနဲ ကွန်ပျူတာကို ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်
မိုဘိုင်းဖုန်းတွေနဲ ကွန်ပျူတာကို USB ကြိုးတွေအသုံးပြုစရာမလိုဘဲ လေထဲကနေ ချိတ်ဆက်အသုံးပြုနည်းဖြစ်ပါတယ်။
ယခုနည်းဟာ မိုဘိုင်းဖုန်းမှ လုပ်ဆောင်နေသမျှကို ကွန်ပျူပေါ်မှာ ဖော်ပြပေးနေမှာဖြစ်ပြီး ကွန်ပျူတာထဲကနေ ဖုန်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဖုန်းအတွင်းရှိ Messenger , Music ,Contacts,Find Phone, App တွေနှင့် Ringtone , My File , Video နှင့် Photo , Screenshot ,Call Logos , Carmera , စတဲ့ ဖုန်းအတွင်းမှာရှိတဲ့အရာတွေကို ဖုန်းမှလုပ်ဆောင်နေတိုင်း ကွန်ပျူတာတွင်ဖော်ပြနေမှာဖြစ်ပါတယ်။
အသုံးပြုရန် အကောင့်န့် တစ်ခုဖွင့်ပြီး ယင်အကောင့်န့် တစ်ခုထဲကို ကွန်ပျူတာရော ဖုန်းမှာပါထည့်သွင်းပြီး Scan QR Code ရိုတ်ထည့်ကာ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။
ယင်အကောင့်န့် ကို
https://www.airdroid.com/en/signup/ တွင် မိမိ Email နှင့် password တို့အားထည့်သွင်းပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ကွန်ပျူတာတွက် AirDroid App ကို http://bit.ly/1I1qdnF တွင်ဒေါင်းယူပြီး Sing in ၀င်နိုင်ပါတယ်။
Android ဖုန်းတွက် AirDroid App အား
http://bit.ly/1I937sW တွင်ဒေါင်းပြီး အကောင့်န့်  Sing in ၀င်နိုင်ပါတယ်။
iOS တွေတွက် AirDroid App ကို
http://bit.ly/1LXO4J3 တွင်ဒေါင်းယူပြီး Sing in ၀င်နိုင်ပါတယ်။
အထက်ပါကဲ့သို့ အကောင့်န့် တစ်ခုထဲကို ကွန်ပျူတာ နဲ မိုဘိုင်းဖုန်းတွေထဲ တူတူထည့်သွင်းပြီး Scan QR Code ထည့်ပေးလိုက်တာနဲ ဖုန်းနဲ ကွန်ပျူတာ ချိတ်ဆက်သွားပါမည်။ Scan QR Code ကတော့ အကောင့်န့် ထဲမှာပေးထားပါတယ်။
ချိတ်ဆက်ပြီးရင်တော့ မိမိတို့ဖုန်းမှ လုပ်ဆောင်ချက်များနှင့် SMS ပို့ လာသည့် စားများစတာတွေကို ကွန်ပျူတာတွင် ပေါ်လာမှာဖြစ်ပြီး ကွန်ပျူတာထဲကနေ ဖုန်းကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ချိတ်ဆက်ထားစဉ် Wifi (သို့ ) Mobile Internet ရှိထားရမှာလည်းဖြစ်ပါတယ်။
ပုံလေးတွေကြည့်ပြီးတော့ အသုံးပြုတတ်လိမ့်မည်လို့ တင်ပါတယ်။
အာကာ
Software Guide
www.swln.info