ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Tuesday, June 30, 2015

အရွယ်အစား ကြီးမားသည့် ဖိုင်များကို သေးငယ်သည့် ဖိုင်များအဖြစ် ချုံ့ခြင်း





အရွယ်အစား ကြီးမားတဲ့ ဖိုင်များကို တစ်ခါတစ်ရံမှာ upload လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် share လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ပြုလုပ်နိုင်စေဖို့အတွက် ဖိုင်ဆိုက်အကြီးကြီးတွေကို အပိုင်းလေးတွေခွဲပြီး ချုံ့ပစ်နိုင်ပါတယ်။

အဆိုပါ ဖိုင်တွေကို ချုံ့ဖို့အတွက်ဆိုရင် Win Rar နဲ့ HJ Split တို့လို ဆော့ဖ်ဝဲတွေကို အသုံးပြုပြီး ဖိုင်များကို အပိုင်းလိုက်ခွဲ၍ ခွဲခြားပေးထားနိုင်မှာဖြစ်ပါတယ်။ Win Rar ကို အသုံးပြုပြီး Split ပြုလုပ်ချင်သူများကတော့ Split ပြုလုပ်မယ့် ဖိုင်ကို Right Click နှိပ်လိုက်ပါ။ ပြီးသွားရင် Add to archive ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

Archive Box ကျလာတယ်ဆိုရင် General ထဲမှာ မိမိ ပေးချင်တဲ့ နာမည်ကို ပေးနိုင်မှာဖြစ်ပါတယ်။ ပြီးသွားရင် Split to volumes ဆိုတဲ့နေရာမှာ မိမိထားချင်တဲ့ ဖိုင်အရွယ်ပမာဏကို သတ်မှတ်ထား ရမှာဖြစ်ပါတယ်။ အဆိုပါနေရာမှာ 5MB, 100MB, 700MB စသည်ဖြင့် မိမိ သတ်မှတ်ချင် သလိုမျိုးဖိုင်များကို သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးသွားရင် Ok ကို နှိပ်လိုက်ရင် ဖိုင်များကို အပိုင်းလိုက် ပိုင်းပြီး ချုံ့ပေးထားမှာ ဖြစ်ပါတယ်။


အကယ်၍ HJSplit (http://www.hjsplit.org) ကို သုံးမယ်ဆိုရင် ဖော်ပြထားတဲ့ Download Link ကနေ HJSplit ကို Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ HJSplit ကို အသုံးပြုပုံ ကတော့ ဖိုင်တွေကို ခွဲပြီးထားချင်တယ်ဆိုရင် Split ဆိုတာကို နှိပ်ပါ။ ဖိုင်ကို ထည့်သွင်းဖို့အတွက် Input File နေရာမှာ မိမိ အသုံးပြုမယ့်ဖိုင်ကို ရွေးချယ်ရမှာဖြစ်ပြီး၊ Output File နေရာမှာတော့ ကိုယ် Output ထွက်စေချင်တဲ့ လမ်းကြောင်းကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဖိုင်အရွယ်အစား ရွေးချယ်တဲ့နေရာမှာ Split file size ဆိုတဲ့ နေရာမှာ ဖိုင်အရွယ်အစားကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် Start ကို နှိပ်ပြီး File ကို Split စတင်ပြုလုပ်နိုင်ပါပြီ။ အကယ်၍ Split ပြုလုပ်ထားတဲ့ ဖိုင်တွေကို ပြန်ပေါင်းချင်တယ်ဆိုရင် Join ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Input File နေရာမှာ ပထမဦးဆုံး Split File ကို ရွေးချယ်ပေးထားရမှာ ဖြစ်ပါတယ်။ Output ကတော့ မိမိ သိမ်းဆည်းချင်တဲ့ နေရာမှာ သိမ်းဆည်းနိုင်စေရန်အတွက် ရွေးချယ်ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Start ကို နှိပ်ပြီး လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နိုင်ပါပြီ။

Ref: addictivetips

Monday, June 29, 2015

Skype မှာ မြန်မာဖောင့် ပေါ်ချင်တယ် ဆိုရင်

ကျွန်တော်လည်း တက်နိုင်သလောက်လေး တွေတော့ လုပ်ပေး သွားပါမယ် .. လူက အရမ်းကြီး မကောင်းချင် သေးတော့ အဆင်မပြေလို့ပါ .. ကွန်ပျူတာ ရှေ့မှာ အာရုံစိုက်တာ များလာရင် ခေါင်းက ထိုးထိုးနေလို့ တစ်ချို့ စာဖတ်ရမဲ့ အကြောင်းအရာ တွေ ရေးပေးရမဲ့ အကြောင်း အရာတွေဆို ဘာမှ Reply မပြန်နိုင်သေးတာ နားလည်း ပေးပါခင်ဗျာ .. အခု အကိုတစ်ယောက် မေးထားလို့ Skype မှာ မြန်မာ ဖောင့် သုံးလို့ရမဲ့ နည်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ အသုံးပြုမဲ့ စကိုက်ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြာထားတဲ့ အတိုင်း Tools ကနေ Options ကိုသွားလိုက်ပါ .. 
 အောက်က အဆင့်ကို ရောက် ပြီးဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း Change font ကိုနှိပ်လိုက်ပါ ..

ပြီးရင်တော့ Font မှာ Zawgyi-One ပြောင်းပေး လိုက်ယုံပါပဲ .. ဒါဆိုရင် မြန်မာလို အဆင်ပြေသွားပါလိမ့်မယ် ..  တစ်ခု ရှိတာက ကိုယ်နဲ့ ပြောမဲ့ စကိုက်မှာလည်း မြန်မာလို ပေါ်ချင်တယ် ဆိုရင် အဲ့လို ချိန်းပေးဖို့ လိုပါလိမ့်မယ် .. 
အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Saturday, June 27, 2015

WCDMA only ပြောင်းမရတဲ့ ဖုန်းတွေအတွက် ပြောင်းရတဲ့ APK

 
တော်တော်များများမေးတဲ့ အကြောင်းလေးကို အခုတော့ တင်လိုက်တော့မယ်
ကျွန်တော်တို့ GSM ဖုန်းတွေမှာ အင်တာနက်သုံးရင် လိုင်းနှစ်မျိုးရှိပါတယ်
2G(GSM only) and 3G(မြန်မာပြည်က 3G မစစ်တဲ့ WCDMA only) ဆိုပြီးတော့
ဒါပေမယ့် WCDMA only ဆိုတဲ့ လိုင်းကို မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာသာ
သုံးနိုင်ပြီး လိုင်းက 2G ထက်ပိုကောင်းပါတယ် 
အဲဒါကို အချို့ဖုန်းတွေမှာ 2G only ဆိုတာပဲ ပါတယ်
3G only or WCDMA only ဆိုတာ မပေါ်ပါဘူး အဲတော့ 3G လိုင်းရတဲ့
နေရာတွေမှာ 2G က Auto ပြောင်းသွားတဲ့အခါမျိုးတွေမှာ ကိုယ်တိုင်
Manual ပြောင်းနိုင်တဲ့ ဆော့ဝဲလေးတစ်ခုပါ Network ဆိုတဲ့ ဆော့ဝဲလေးပါ
ပုံမှာပြထားတဲ့အတိုင်း WCDMA only လား GSM only လား
ကြိုက်သလိုပြောင်းနိုင်ပါသည် ဖိုင်ဆိုဒ်ကလည်း KB သာရှိတဲ့အတွက်
လူတိုင်းဒေါင်းနိုင်မှာပါ

or

ကြော်ငြာဒီဇိုင်း ၊ ၀က်ဆိုဒ်ဒီဇိုင်း ၊ ဖိတ်စာ ၊ လိပ်စာ ဒီဇိုင်းဆွဲဖို့ ဆော့ဝဲကောင်း



ဒီဆော့ဝဲလေးက ကြော်ငြာဒီဇိုင်းတွေ ဆွဲချင်ရင် အရမ်းကောင်းပါတယ် ၀က်ဆိုဒ်မှာ

ဒီဇိုင်းပုံ အမျိုမျိုး စိတ်ကူးရှိသလို သုံးလို့ ရပါတယ် ပုံအရှင်ထွက်မှာမို့  Flash သီချင်း

လုပ်တဲ့သူတွေလည်း အသုံးဝင်ပါတယ် ။ သီချင်းလုပ်သူ နာမည်နေရာမှာ ဒီဟာနဲ့ 

လုပ်ပီး ထည့်ရင် effect မများတဲ့အတွက် သီချင်းဆိုဒ် သေးနိုင်ပါတယ် ။ အလှဆင်

ဒီဇိုင်းဆွဲ အွန်လိုင်းကြော်ငြာ ၊ လိပ်စာ ၊ ဖိတ်စာ အကုန်လုပ်လို့ အဆင်ပြေပါတယ်

လိုအပ်သူများ အောက်က လင့်မှာ ယူလိုက်ပါ ။ ဖိုင်ဆိုဒ်လည်းသေးပါတယ်......။


ဒီလင့်မှာ Download ယူပါ -Animation Design Creator

မူရင်း Link - http://fullsoftwarespro.com/2014


.