ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Wednesday, November 5, 2014

Google Earth Pro 7.1.2.2041 With Patch (ကွန်ပြုတာကနေ ကမ္ဘာ တခုလုံး မြေပုံကို အနီးကပ် ဆွဲ ကြည့်နိုင် တဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ်)

Google Earth Pro 7.1.2.2041 With Patch (ကွန်ပြုတာကနေ ကမ္ဘာ တခုလုံး မြေပုံကို အနီးကပ် ဆွဲ ကြည့်နိုင် တဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ်)

Google Earth ကတော့ တကယ်ကို လန်းပါတယ်ဗျာ။ မသုံးဖူးတဲ့သူသုံးကြည့် လိုက်ပါ။ အရမ်းကို ခိုက် သွားမှာ အသေခြာပဲ။ Google Earth ကနေ ကိုကြည့်ချင်တဲ့ နေရာကို လိပ်စာရိုက်ပြီးရှာလိုက်တာနဲ့ တန်းရောက်သွားတယ်။ တကယ်ကို 3D ရုပ်ပြနဲ့ ဖြစ်ပါတယ်။ အောက်မှာ Screenshoot နဲ့ပြထားပါတယ်။ အသေခြာလေး ကြည့်ကြည့်လိုက်ပါ။
နောက်တခုက Satellite ကနေ တိုက်ရိုက်ဆွဲ ကြည့်လို့ရတဲ့နေရာတွေ ရှိပါသေးတယ်။ အိမ်ရှေ့ တံခါးပေါက်ထိ ကြည်လင်စွာ ဆွဲကြည့်နိုင်ပါတယ်။ Zoom ဆွဲတဲ့ အကွက်ပေါ်က လူ ပုံနဲ့ ရှိပါတယ်။ အဲကောင်ကို ကို လိုချင်တဲ့ နေရာမှာ ချပေးလိုက်တာနဲ့ အိမ်ဆိုရင် အိမ်ရှေ့ ထိ။ လမ်းမှာဆိုရင်လည်း လမ်းမကြီး ကို ပြတ်သားရှင်းလင်းစွာ မြင်ရပါတယ်။

ကွန်ပြူတာ သုံးသူတိုင်း တကယ်ဆောင်ထားသင့်တယ်နော်။ Full  Version သုံးရအောင် Patch ဖိုင်ပါ တွဲတင်ပေး ထားပါတယ်။ Setup.exe ကို Install ပြီးတာနဲ့ ဆော့ဝဲလ်ကို မဖွင့်ပဲ Patch ဖိုင်ကို ၂ ချက်ကလစ်လိုက်ပြီးရင် အလယ်က စာကို အလစ်လိုက်၊ ဘယ်ဘက်အောက်မှာ OK ပေါ်လာရင် Actrivated ဖြစ်ပါပြီ။
စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူနိုင်ပါပြီနော်။

Download Google Earth Pro 7.1.2.2041 
Google Drive, Zippyshare

App Screenshots

အားလုံးအဆင်ပြေပါစေ.......။
Mail & Facebook အကောင့်ဖွင့်နည်း ( ဖုန်းမလို )
++++++++++++++++++++++++++++++++++++
မင်္ဂလာပါ ကျွန်တော် သည်နည်းလေးကို တင်မယ် တင်မယ် နဲ့ ကြာသွားတယ်..ခုပြန်သတိယလို့ အကောင့်တခု ထပ်စမ်းသတ်ရင်း လက်တွေ့ ကျကျ လုပ်ပြလိုက်ပါတယ်... သည်နည်းလေးကတော့ ကျနော် ၃ ခုလောက် စမ်းပြီါ်တာတော့ အိုကေပါတယ်.. မေးကတော့... အမျိုးအစားပေါင်း များစွာ လုပ်နိုင်ပါတယ်..
ဥပမာ...........။ ။
.....mail.com
....email.com
.....usa.com
.....myself.com
.....asia.com
စတဲ့စတဲ့ ကြိုက်တာနဲ့ ရွေးချယ် ဖွင့်နိုင်ပါတယ် ကျွန်တော် တခုလုပ်ပြထားတာကတော့ asia.com နဲ့ပါ... သူ့ရှေ့က အကောင့်အမည်နော်
daynight@asia.com ဆိုပြီးကျနော်ဖွင့်ထားပါတယ်... အသေးစိတ် အောက်မှာ ပုံလေးတွေအရ လိုက်ကြည့်လိုက်ပါနော်...
ပထမဆုံး http://www.mail.com/int/ ဆိုတဲ့လင့်ကိုဝင်လိုက်ပါ... ၀င်ုလိက်တာနဲ့
သည်ကနေစကြမယ် ဆိုတဲ့ပုံလေး ထဲကပြထားသလို အကောင့်လုပ်ဖို့ ကလစ်လိုက်ပါ.. အိုကေ ဖောင်ဖြည့်ဖို့ ကျလာမှာ ဖြစ်ပါတယ်.. ပုံနံပါတ် (၁) ကိုကြည့်လိုက်ပါ... အဲမှာဘဲ လိုအပ်တာတွေ ဖြည့်ပေးလိုက်ပါ...အဲမှာ ရွေးရမှာကတော့
Desired Email Address ဆိုတဲ့နေရာရောက်တဲ့ခါပါ ရှေ့က မိမိ ယူဆာ နိမ်း နောက်က လိုခြင်တာကို ရွေးချယ် နိုင်ပါတယ်.... အဲတာဆို အကုန်ဖြည့်လိုက်ပါနော် အောက်ဆုံးက I Accept ဆိုတာကလစ်လိုက်ပါ... နောက်
ပုံနံပါတ် (၂) တိုင်းကျလာတာနဲ့ အကောင့်ဖောင့်ခြင်း အောင်မြင်ပါပြီနော်... လွယ်ပါတယ်နော်...
ကဲ အဲအကောင့်ကို email ထဲဝင်ထားလိုက်ပါ.. ဆက်လက်ပြီး မေးရပြီဆိုတာနဲ့ facebook ဖွင့်ကြယုံဘဲပေါ့... အဲတာကတော့ ထူးထူးထွေထွေ မပြောတော့ပါ ပုံမှန် တိုင်း ဖွင့်လိုက်ပါနော်... fb singup ဆိုတာကနေပေါ့ လုပ်တတ်ပါပြီနော်... ပြီးတာနဲ့ မေးထဲကနေ comfirm လုပ်ပေးဖို့ တောင်းလာပါတယ် မေးကို inbox မှာဝင်လိုက်ပါ ရောက်နေပါပြီ ပုံနံပါတ် (၃) တိုင်းပေါ့ ကုဒ်နံပါတ် ယူထည့်ထည့် အပေါ်က comfirm ကိုဘဲကလစ်ကလစ် အိုကေပါပြီ....
အဆင်ပြေကြပါစေ
ဘလော့ခရီးသည်
www.aungsanmks.com
ကြိုးစားမျှဝေလျှက်

Monday, November 3, 2014

မိမိကွန်ပြူတာမှာတပ်ဆင်ထားသောgrafic card ကိုကောင်းမကောင်းစစ်ဆေးပေးခြင်း ပျက်သွားသော် လည်းကောင်း အသစ်ဝယ်လာပြီးသော်လည်ကောင်းgrafic cardရဲ.အလုပ်ဆောင်မူကိုtestလုပ်ပေးသောပရိုဂရမ်ပါ အားလုံးကြိုက်နှစ်သက်မှာပါ အဆင်ပြေပါစေ

Saturday, November 1, 2014

Eset NOD32 Smart Security 7 + ACTIVATOR

မင်္ဂလာပါ နောက်ဆုံးထွက် Version အသစ်နဲ့ Antivirus ဆော့ဝဲတခုဖြစ်တဲ့ Eset NOD32
Smart Security 7 ကို တင်ပေးလိုက်ပါတယ်။ x32 နဲ့ x64 တဖိုင်စီ သီးသန့်ပါဝင်ပါတယ်။သုံးချင်တဲ့ဘော်ဘော်အောက်မှာဒေါင်းသွားနိုင်ပါတယ်...

အင်စတော လုပ်နည်း...
=>Setup x32 (or) x64 ကိုအင်စတော လုပ်ပါ။
=>Start Menu>Type "config">Click "System Configuration">Boot>
     Check "safe boot" >Apply>Ok>Restart...
=>၎င်း safe mode မှာ PURE FIX ကို run ပြီး Reset ကိုကလစ်ပါ။
=>Restart ပြန်ကျပြီး safe mode ထဲပြန်ရောက်ပါမယ်။
=>အပေါ်ကအတိုင်း ပြန်ဝင်ပြီး safe mode မှ အမှန်ခြစ်ကို ဖြုတ်လိုက်ပြီး Restart
     လုပ်ပါ။Normal Mode ဖြင့် ပုံမှန်ပြန်တက်လာပြီး Eset မှာ Activate ဖြစ်တာကို
     တွေ့ရပါမယ်.။

       DOWNLOAD HERE                  
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ.

FIFA 15 Ultimate Team by EA SPORTS features over 10,000 players from over 500 licensed teams!

တစ်ကမ္ဘာလုံးကအနှစ်ခြိုက်ဆုံးအားကစား(ဘော်လုံးကန်) တဲ့ဂိမ်းအမျိုးအစားလေးပါအားလုံးလည်းနှစ်ခြိုက် ကြမယ် လို့ထင်ပါတယ်ခင်ဗျ။ အခုကျွှန်တော်တင်ပေးထားတဲ့ apk+data လေးလည်းပါတယ်။ EA Sports ရဲ့နံမည်ကြီးဂိမ်းအမျိုးအစားဖြစ်ပါတယ်။အခုဗားရှင်းအသစ်မှာတော့ Features တွေအတော်လေးစုံ လင်လာ တာတွေ့ရပါတယ်။ရုပ်ထွက်ကလည်းအရမ်းကောင်းမွန်ပါတယ်။

ကစားမယ်ဆိုအောက်ကလင့်တွေမှာရယူနိုင်ပါတယ်
Required Android O/S : 2.3.3+

Screenshots :

OBB : Part1    Part2   Part3    Part4   (800Mb)

Samsung Galaxy S4 GT-I9500 Firmware (မြန်မာစာ တခါတည်းပါတဲ့ Android 4.4.2 Kitkat Official Firmware တင်နည်း)

Samsung ဖုန်းတွေအတွက် Android Version 4.4.2 Kitkat Latest Firmware လိုချင်တယ်ဆိုပြီးတောင်း လာ လို့ တင်ပေးလိုက်တာပါ။ အခုတင်ပေးလိုက်တဲ့ Firmware ကတော့ System Myanmar Font တခါတည်း ပါတာကြောင့် Firmware တင်ပြီး အသင့်သုံးရုံပါပဲ။ Fri, 12 Sep 2014 ကမြန်မာစာ နဲ့ နောက်ဆုံး ထွက်ထားတဲ့ Firmware ဖြစ်ပါတယ်။ အောက်မှာ လိုအပ်တဲ့ ဖိုင်တွေ ဒေါင်းပြီး Firmware တင်နည်းကို ဆက်ကြည့် လိုက်ပါ။ ကျနော် ပုံနှင့်တကွ နားလည်အောင် ၊သေခြာ ရှင်းပြ ထားပါတယ်။
Model: GT-I9500
Model name: GALAXY S4
Country: Thailand
Version: Android 4.4.2
Changelist: 2752233
Build date: Fri, 12 Sep 2014 02:22:13 +0000
Product Code: THL
PDA: I9500XXUGNI1
CSC: I9500OLBGNI1
MODEM: I9500DXUGNH1 

Download Samsung Galaxy S4 GT-I9500 Firmware

Download Odin 3.09

Firmware ဒေါင်းဖို့ အကောင့်မရှိသေးဘူးဆိုရင် ကျနော့် အကောင့်ပေးထားတယ်။ အဲတာနဲ့ Login ၀င်ပြီးမှ Download Botton ကိုနှိပ်ပါ။ Username zawminthan နဲ့ Pass က  zawminthan123 နဲ့ Login ၀င်ပြီး မှ ၊ဒေါင်းပါ အောက်မှာ ပုံကို ကြည့်လိုက်ပါ.

Firmware ကိုဒေါင်းပြီးရင် တင်နည်းကို ဆက်ကြည့်လိုက်ပါ။

  • အရင်ဆုံးဖုန်း firmware ကိုရလျှင် Zip ဖြေလိုက်ပါ။ (Extract Firmware Zip File That Your Downloaded)
  • နောက်ပြီး ရင် Odin ကို ကွန်ပျူတာမှာ ဖွင့်လိုက်ပါ။
  • ဖုန်းကို ပိတ်ပြီးရင် ဖုန်းရဲ့ Volume Down + Power+ Home သုံးခုကို တွဲနှိပ်ပြီး Download Mode ၀င်ပါ။ နောက်ပြီး Dowloading Mode ထဲကိုရောက်ဖို့ Volume Up (အသံချဲ့ ခလုပ်) ကို တချက်နိပ်ပြီး ၀င်ပါ။ အောက်မှာ ပုံကိုကြည့်လိုက်ပါ။

  • ပုံမှာပြထားတဲ့အတိုင်း Downloading Mode ရောက်ရင် ကွန်ပျူတာနဲ့ USB ကြိုး ချိတ်ဆက်လို့ရပါပြီ။
  • အင်တာနက်လိုင်း တော့ရှိရမယ်နော်။ USB ချိတ်ဆက်ပြီး ခနစောင့်ပေးလိုက်ပါ။ 
  • ကွန်ပျူတာကနေ ဖုန်းရဲ့ Driver ကို Auto ဒေါင်းပေးပါလိမ့်မယ်။ ခနနေကြာရင် Odin ရဲ့ ID.com အောက်မှာ အရောင်လေးသမ်းလာ ပါလိမ့်မယ်။

  • ပြီးရင် Odin ရဲ့ AP မှာ အခုန Firmware ကို Zip ဖြေထားတဲ့အထဲက tar.md5 ဆိုတဲ့ဖိုင်ကိုယူပါ။ SS.DLL ဖိုင်ကိုလုံးဝမယူမိ ပါနဲ။ ပြီးရင် အ၀ိုင်းလေးလည်တာကို ခန စောင့်ပေးလိုက်ပါ။ 
  • ၁ မိနစ်လောက် စောင့်ပြီး ညာဘက် အပေါ်နားက Start ကိုနိပ်ပါ။ 
  • Firmware ရေးနေတာကို Odin မှာ ပြပါလိမ့်မယ်။ ပုံကိုကြည့်လိုက်ပါ။

  • ၁၅ မိနစ်လောက်စောင့်ရပါတယ်။ ခဏကြာရင် PASS ပြပါလိမ့်မယ်။ ဖုန်းက Auto Reboot ကျသွားလိမ့်မယ်။ ပြန်တင်လာရင် ဖန်းဝဲတင်ခြင်းအောင်မြင်ပြီးဆုံးပါပြီ။
  • ဖုန်းက ပြန်တက်လာလို့ Samsung Logo မှာလည်းနေရင် ဖုန်းကို ဓာတ်ခဲ့ဖြုတ်ပြီးပြန်တပ် Volume Up+ Power+Home တွဲနှိပ်ပြီး Recovery Mode ၀င်ပါ။ အဲထဲမှာ Factory Data Reset လုပ်ပေးပြီး Reboot System Now နှိပ်လိုက်ပါ။

ဖုန်းပြန်ပွင့်လာရင် အားလုံး အိုကေပါပြီ။ အခု Firmware တင်နည်းကို နည်းပညာအားနည်းသမားတွေ နားလည်စေချင်လို့ တဆင့်ချင်း ပုံနှင့်သေခြာပြထားတာပါ။ ဒီလောက်ဆို အားလုံး အဆင်ပြေပြေနဲ့ လုပ်တတ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Firmware ဒေါင်းတာ အဆင်မပြေရင် Teamviewer ကို စက်မှာ ထည့် ထားပြီး ကျနော့် Facebook (https://www.facebook.com/zawmintan) ကို စာပို့လိုက်ပါ။