ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်

ပညာသည်ပိုသည်မရှိအမြဲလိုအပ်ပါသည်
ပညာများကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်ဆရာကြီးမဟုတ်ပါမသိသေးတာတွေရှိပါသည်

Tuesday, October 7, 2014

Photoshop CS5 Full Registed (Portable)


Gmail ထဲ သူငယ်ချင်းတယောက် အကူညီတောင်းထားလို့ Photoshop CS5 လေး တင်ပေးလိုက်ပါတယ်။ ဒီဆောဝဲလေးကတော့ portable လေးဖြစ်တဲ့ အတွက် ဒေါင်းပြီးတာနဲ့ install စရာမလိုပဲ မောက် နဲ့ ၂ ချက်ကလစ်လိုက်တာနဲ့ သုံးလို့ရပါပြီ....။ Photoshop ဆို အားလုံးသိကြမယ်လို့ ထင်ပါတယ်။ အထွေထူး ရှင်းပြစရာမလိုလောက် ဘူးထင်ပါတယ်။ Registered ပြီးသားမို့ ဒေါင်းပြီးတာနဲ့ full version သုံးရပါပြီ ဖိုင်ဆိုဒ်ကတော့ 165.25MB ပဲ ရှိပါတယ်။ Photoshop လေးနဲ့ ပုံတွေ အလန်းလေးဖြစ်အောင် ဖန်တီးချင်တဲ့ သူငယ်ချင်းများအားလုံး အလွယ် ရယူနိုင်အောင် ဆိုဒ် ပေါ် တင်ပေးလိုက်ပါတယ်။ လက်ရှိကျနော် သုံနေတဲ့ ဆောဝဲလေးလည်းဖြစ်ပါတယ်။ Photo ဒီဇိုင်းသမားဆို မရှိမဖြစ်ဆောဝဲလေး ဆို လည်း မမှားပါဘူး။
 အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ........။
>>>>>Download Now<<<<<
App Screenshots

အားလုံးအဆင်ပြေပါစေ.......။

Sunday, October 5, 2014

Viber for PC (New Version)

PC တွေအတွက် Viber ဗါးရှင်းအသစ်လေးပါ..။ Update အသစ်ထွက်နေတာ တစ်ပါတ်ခန့်ရှိသွားပါပြီ..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီ Update အသစ်လေးကို ပြန်တင်ပေးလိုက်ပါတယ်..။ အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ ကွန်ပျူတာနဲ့ ဖုန်းတွေကို အလွယ်တကူ ဆက်သွယ်လို့ ရစေမယ့်၊ Free Voice Call , Free Video Call, Free SMS တွေကို မိမိတို့ စိတ်ကြိုက် အသုံးပြုလို့ ရစေတဲ့အတွက် လူသိများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Update ဗါးရှင်းလေးမှာ အရင်ကထက် Sticker ရုပ်ပုံများကို ပိုမို ဒေါင်းယူ အသုံးပြုလို့ ရသလို၊ ဝယ်ယူရတဲ့ Sticker ပုံလေးတွေလည်း အများကြီးပါဝင်လာပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ Viber Downloader လေးကို ဒေါင်းယူပြီး Install ထည့်၊ Viber Activate ဖြစ်အောင် မိမိတို့ ဖုန်းနံပါတ်နဲ့ လုပ်တတ် ၊ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပြန်လည်လုပ်ပြပေးထားပါတယ်..။ 
Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ Viber Update မလုပ်မချင်း ကွန်ပျူတာမှာ အသုံးပြုလို့ ရနေပါတယ်..။ တချို့က အဲ့ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။

မူရင်းဆိုဒ်မှာ ဒေါင်းယူလိုရင်တော့ အောက်ကလင့်ကနေ သွားလိုက်ပါ..။
http://www.viber.com/products/windows/
Viber Downloader လေးကို ၂-ချက်တောက်ပြီး Install ထည့်လိုက်ရင် အောက်ကပုံလေးအတိုင်း အင်တာနက်ကနေ ဆော့ဝဲလ်ကို ဒေါင်းယူပြီး တခါတည်း Install ထည့်ပေး ပါလိမ့်မယ်..။


Install ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ တချို့က ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။


အပေါ်ကပုံအတိုင်း ဖုန်းထဲမှာ Active ဖြစ်နေတဲ့ Viber နံပါတ်အမှန်ကို ထည့်ပေးလိုက်ရင်တော့ အင်တာနက်ကနေ မိမိတို့ဖုန်းဆီကို Viber က ကုဒ် ၄-လုံး ပို့ပေးပါတယ်..။ အဲ့ဒီကုဒ်တွေကို မှန်အောင် အောက်ကပုံအတိုင်း ရိုက်ထည့်ပေးပြီး Enter Viber ကို ဆက်ကလစ်ပေးလိုက်ရင် မိမိတို့ ကွန်ပျူတာမှာ Viber ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။




အပေါ်ကပုံအတိုင်း Sticker အသစ်လေးတွေကို ဒေါင်းယူပေးမှာ ဖြစ်ပြီး .. အောက်ကပုံကတော့ ကျနော် စမ်းသုံးထားတဲ့ ပုံလေးပါ..။ Free Voice Call နဲ့ Video Call တွေအပြင် SMS နဲ့ Sticker ပုံတွေကို ကောင်းစွာ အသုံးပြုနိုင်ပါပြီ..။

မြန်မာစာ ပေါ်ဖို့ကတော့ အရင်ပိုစ့်မှာ လုပ်ပြပေးထားတဲ့အတိုင်း Notepad မှာ ရေးပြီးမှ copy-paste နဲ့ ထည့်အသုံးပြုရမှာပါ..။ အားလုံးပဲ အသုံးပြုတတ်၍ ပျော်ရွှင်နိုင်ကြပါစေ..

Computer ကိုလေးစေသည့် Windows logs များရှင်းနည်း


ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။ Windows logs တွေရှင်းပြီးရင်တော့ Desktop မှာ Right Click ထောက်ပြီး Refresh ကို လေးငါးခါလောက် တောက်ပေးလိုက်ပါ..။ ဒါမှမဟုတ် ကီးဘုတ်မှ F5 ကို လေးငါးခါ နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ ကွန်ပျူတာဟာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်လုပ်နေပါပြီ..။ ဒီနည်းလေးကလည်း နေ့စဉ် ကွန်ပျူတာသုံးတိုင်း လုပ်ပေးသင့်တဲ့ အလုပ်တစ်ခုပါပဲ..။ Windows logs ရှင်းနည်းကတော့ အောက်ကပုံလေးတွေ အတိုင်းပါပဲ..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..








ဆော့ဝဲလ်မလိုပဲကွန်ပြူတာတွင် Screen Shoot ရိုက်ခြင်း

 
ကွန်ပြူတာမှာအခြားဘာဆော့ဝဲလ်မှထပ်မထည့်ပဲ Screen Shoot ရိုက်လို့ရပါတယ်။ အခြား Window တွေမှာတော့မစမ်းဘူးပါ။ ကျွန်တော်သုံးသည့် Window 7 တွင်သာစမ်းဖူးပါသည်။
 အခြား Window များတွင်လည်းရနိုင်ပါသည်။ သူကတော့ Snipping Tool လို့ခေါ်ပါတယ်။
 Window မှာ Build in ပါပြီးသားပါ။ ကွန်ပြူတာရဲ့  Start>All Program>Accessories>Snipping Tool ကိုဖွင့်လိုက်ပါ။ ကိုယ့်စိတ်ကြိုက် Desktop တစ်ခုလုံးကိုလဲရိုက်လို့ရပါတယ်။ Window တစ်ခုချင်းလဲရိုက်လို့ရပါတယ်။ Crop လဲရပါတယ်။ အားလုံးပဲအဆင်ပြေပါစေ။


ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Saturday, October 4, 2014

ဂီတာ ကြိုးညှိဖို့ ခက်ခဲနေသေးတဲ့ ညီအကိုတွေ အတွက်ပေါ့နော်..လိုချင်တဲ့ သူများအောက်ပါလင့်မှ ဒေါင်းယူနိုင်ပါပြီ..
https://www.dropbox.com/s/hyeixth4uuoaxib/pitchlab%20apk.apk?dl=0

Wednesday, October 1, 2014

WISE FOLDER HIDER
မိမိ အသုံးပြုနေသည့် ဖိုင်၊ ဖိုဒါများ လုံခြုံ စိတ်ချရန်နှင့် အခြားသူများ ဝင်ရောက် သုံးစွဲခြင်း မပြုနိုင်ရန် စီစဉ် ဖန်တီပေးနိုင်မည့် PC သုံး ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ ဖိုင်နှင့်ဖိုဒါများကို Password ထည့်သွင်းထား စရာမ လိုဘဲ ဝှက်ထားပေးနိုင်မည်ဖြစ်ပြီး၊ ဝှက်ချင်သည့်ဖိုဒါများကိုလည်း Drag and drop ပြုလုပ်၍ ထည့်သွင်းနိုင် မည်ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲကို အခမဲ့ အသုံးပြုခွင့်ပေးထားပေးထားသည့်အတွက် အချို့ သော လုပ်ဆောင် ချက်တွေ ကိုတော့ အသုံးပြုခွင့်ရှိနိုင်မည် မဟုတ်ပေ။
24/7 Ultimate Help , Double Password Protection အစရှိသည့် လုပ်ဆောင်ချက်များကို တစ်နှစ်လျှင် ကန်ဒေါ်လာ ၉.၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို Windows XP, Vista, Windows 7 နှင့် 8 တို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ အသုံးပြုခွင့်ပေး ထား သည့် ဆော့ဖ်ဝဲ တွင် လည်း လုပ်ဆောင်နိုင်သည့် အချက်များစွာ ပါဝင်တာကို တွေ့ မြင်ရမည်ဖြစ်သည်။
Download ရယူလိုသူများအတွက် =====> http://bluenavyblog.blogspot.com/2014/09/wise-folder-hider.html
ဖုန်း မှာ အသုံးဝင်ပြီး အရေးကြီး တဲ့ Apps တွေကို တင်ဆက်ပေးလိုက်ပါတယ် ဖုန်းမှာ အသုံးဝင်တဲ့ Apps တွေဖြစ်တာကြောင့် အားပေးကြဖို့ မမေ့နဲနော်…             
အားလုံးအတွက် လိုအပ်မယ်ထင်ပါတယ်
ဖုန်း မှာ အသုံးဝင်ပြီး အရေးကြီး တဲ့ Apps တွေကို တင်ဆက်ပေးလိုက်ပါတယ် ဖုန်းမှာ အသုံးဝင်တဲ့ Apps တွေဖြစ်တာကြောင့် အားပေးကြဖို့ မမေ့နဲနော်…
(၁) တရား Dhamma Apk
https://db.tt/Zlu1V7lh
(၂) တရား Dhamma Droid Apk
https://db.tt/D2lr5590
(၃) Vroot Apk
https://db.tt/WggkqICO
(၄) MMAS Zawgyi Changer 2 Apk
https://db.tt/keSsvmVs
(၄) Zawgyi Flip Font Apk
https://db.tt/iGdHx0kG
(၅) LINE Apk
https://db.tt/D8SOQkuJ
(၆) Facebook Apk
https://db.tt/eVL8RzNA
(၇) Viber Apk
https://db.tt/EY2nZI8U
(၈) Pages Manager Apk
https://db.tt/Zlu1V7lh
(၉) ES File Explorer Apk
https://db.tt/qCWLDYPI
(၁၀) Task Manager Apk
https://db.tt/Xztcqb0f
(၁၁) Zapya မြန်မာ Apk
https://db.tt/uvVHuOEh
(၁၂) Zapya Apk
https://db.tt/u076G7St
(၁၃) Myanmar Ringtone Apk
https://db.tt/uypEyJKP
(၁၄) Mp3 Music Downloads Apk
https://db.tt/SHOeUy7t
(၁၅) TubeMate Apk
https://db.tt/sGme2dYj
(၁၆) Video to Mp3 Apk
https://db.tt/fiakf8tX
(၁၇) Facebook Messenger Apk
https://db.tt/2bHZ6e90
(၁၈) သော့ခက်မယ် Apk
https://db.tt/9z2RRGSw
(၁၉) ဂိုးရလဒ်ကြည့်ဖို့ Apk
https://db.tt/gWoIQsEd
(၂၀)Screenshot Ultimate Pro Apk
https://db.tt/LpDXUFc9
(၂၁) Wifi Speed Apk
https://db.tt/pBCT2pC0
(၂၂) Video Show Pro Apk
https://db.tt/toEZZLe5
(၂၃) Apk Share
https://db.tt/C10vs7MO
(၂၄) Wifitalkie Apk
https://db.tt/ItgxVVdv
(၂၅) Easy Touch Apk
https://db.tt/q2jqJtC7
(၂၆) Internet Speed Master Apk
https://db.tt/c2EFwLqe
(၂၇) Myanmar Music Store Apk
https://db.tt/weuIuLo5
(၂၈) Go Power Master Apk
https://db.tt/CRAPIrzV
(၂၉) Smart Launcher Pro Apk
https://db.tt/npQNzebO
(၃၀) ဖုန်းပေါ့ပါးစေမည့် Apk
https://db.tt/qnh1l7bl
(၃၁) မြန်မာတီဗီ Apk
https://db.tt/lUQBLnxm
(၃၂) MPT Service Apk
https://db.tt/4NA83kv2
(၃၃) အတိုင်ပင်ခံ Apk
https://db.tt/ZDxkSpRQ
(၃၄) မြန်မာရေဒီယို Apk
https://db.tt/qSyigYg6
(၃၅) ဖရဲသီးခွဲ Gmae
https://db.tt/DBoTZUZJ
(၃၆) စိုက်ပျိုရေး နှင့် မွေးမြူရေး Game
https://db.tt/kc7YU7Tf
(၃၇) ရန်သူကိုလိုက်ထိုးမယ် Game
https://db.tt/RBZi3mAt
(၃၈) pCloud Apk
https://db.tt/AFYC3Kli
(၃၉) Dropbox Apk
https://db.tt/NNv4FNQC
(၄၀) Wifi လွင့်မယ် Apk
https://db.tt/Zb94TgRq
(၄၁) ADM Pro Apk
https://db.tt/OvOMez5W
(၄၂) စာမှတ်စုရေးမယ် Apk
https://db.tt/lcXBFfQ1
(၄၃) Web တွေကို Copy ယူဖို့ Apk
https://db.tt/MubBMiKm
(၄၄) မြန်မာဖောင့်တွက် Apk
https://db.tt/M3nu5VP6
(၄၅) OG YouTube Downloads
https://db.tt/1NjhLJeZ
(၄၆) Picsay Pro Apk
https://db.tt/WhhqtApX
(၄၇) Screen ဗီဒီယိုရိုတ် Apk
https://db.tt/vWYq40BU
(၄၈) Zawgyi font changer
https://db.tt/TqmhxE8G
အားလုံးဘဲ ကြိုက်နှစ်သက် လိမ့်မယ်လို့ မျှော်လင့်မိပါတယ်