ကွန်ပျူတာနည်းပညာ ခေတ်စားလာတာနဲ့ အပြိုင် ပုံနှိပ်လုပ်ငန်းလည်း
ကွန်ပျူတာကို အသုံးပြုပြီး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရလာခဲ့ပါတယ်။
စာစီစာရိုက်စနစ်အတွက် ကွန်ပျူတာနှင့် လုပ်ကိုင်ကြရာတွင်
အသုံးချ ဆောဖ့်ဝဲအဖြစ် Adobe ကုမ္ပဏီမှ ထုတ်လုပ်ပေးထားသော PageMaker 7.0
ကို လွန်ခဲ့သော 21 နှစ်ခန့်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ စာစီစာရိုက်ရာတွင်
လွယ်ကူခြင်း လျင်မြန်စွာ လုပ်ဆောင်နိုင်ခြင်း တို့သည် ယနေ့ထိ သူ့ကို
လက်မလွတ်နိုင်အောင် သုံးစွဲရခြင်းရဲ့ စွမ်းဆောင်ရည်များ ဖြစ်ပါတယ်။
1996 ခုနှစ်တွင် Adobe ကုမ္ပဏီမှ ဆောဖ့်ဝဲရောင်းချခြင်း၊
နည်းပညာအထောက်အပံ့များကို ရပ်ဆိုင်းမည်ဟု တရားဝန်ကျေငြာပြီး ရပ်ဆိုင်းကာ
PageMaker အစာ InDesign ဆိုသည့် ဆောဖ့်ဝဲကို ထုပ်လုပ်ပေးထားပါတယ်။
ပုံနှိပ်တိုက်အတွက် စာစီစာရိုက်စနစ်ကို ယနေ့ Adobe PageMaker အစား Adobe
InDesign ဆောဖ့်ဝဲကို အသုံး ပြုနေကြသော်လည်း PageMaker ကို အသုံးပြုကြသည့်
သူများမှာ ယုတ်လျော့သွားခြင်း အလျင်း မရှိခဲ့ပါ။ ယနေ့ထိ
ရှင်သန်နေဆဲ ဖြစ်သော PageMaker ကို Computer အတွင်းသို့ Install လုပ်နည်း
အဆင့်ဆင့်ကို ဖော်ပြပေးလိုပါတယ်။
Adobe PageMaker ခွေကို ဖွင့်ကြည့်လျင် အောက်ပါအတိုင်းတွေ့မြင်ရနိုင်ပါတယ်။
Update ဆိုသည့် အခန်းထဲတွင် PageMaker အတွက် update ဖိုင် နှစ်ခု
ပါရှိပါတယ်။ စတင်သွင်းယူဖို့အတွက် Setup ဆိုသည့် ကွန်ပျူတာ စခရင်
အပြာလေးနှင့် ရုပ်ပုံကို Double Click နှိပ်ပါ။
ခေတ္တစောင့်ပါ။ အောက်ပါပုံအတိုင်း မြင်ကွင်းအပြည့် ပေါ်လာပါမည်။
(၁) Welcome screen ဟု ခေါ်ဆိုနိုင်ပါသည်။ ဆောဖ့်ဝဲ သွင်းယူရန်အတွက် Next ကို နှိပ်ပါ။
(၂) ဘာသာစကား ရွေးချယ်ရန်အတွက် ဖြစ်ပါတယ်။ ထုံးစံအတိုင်း U.S. English ကို ရွေးပါ။ Next ကို နှိပ်ပါ။
(၃) လိုင်စင်စာများကို ဖတ်ရန် မည်သည့် ဘာသာစကားကို
အသုံးပြုဖော်ပြပေးရမလည်းဆိုတော့ သူ့ဘာသာ ရွေးပြီးသား US English ကို
အမှန်ခြစ်ရှိထားပါ။ Next ကို နှိပ်ပါ။
(၄) သူ့ဆောဖ့်ဝဲအသုံးပြုမည့်သူအတွက် လိုက်နာရမည့် စည်းကမ်းများကို ဖတ်ရှုနိုင်ပါတယ်။ ပြီးလျင် Accept ကို နှိပ်ပါ။
(၅) ဘယ်နည်းနဲ့ သွင်းလိုပါသလည်း ဆိုပြီး Typical (အပြည့်အစုံ
ထည့်သွင်းပါမည်), Compact (လိုအပ်သလောက်သာ ထည့်သွင်းပါမည်) , Custom
(မိမိအတွက် အသုံးမလိုတာမျိုး ပါရှိလျှင် ဖြုတ်ခြင်း၊
ပေါင်းထည့်ခြင်းလုပ်နိုင်) နည်း သုံးမျိုးအနက် ကြိုက်ရာရွေးနိုင်ပါတယ်။
ဘာမှ မရွေးတော့ပဲ Typical ကို ပဲ ရွေးထားတဲ့အတိုင်း ထားပါ။ Next ကို
နှိပ်ပါ။
(၆) ပုံပါအတိုင်း ဖြည့်ထည့်ပါ။ အပေါ်က A Business သို့မဟုတ် An
Individual တစ်ခုခုကို ရွေးပါ။ မရွေးပဲ ကျော်လို့မရပါ။
အောက်ကအကွက်တွေကိုလည်း ဆိုင်ရာတန်ဖိုးအလိုက် ရေးသွင်းပါ။
မိမိသဘောအတိုင်း ရေးနိုင်ပါတယ်။ အောက်ဆုံးက Serial Number
အကွက်တစ်ကွက်တွင် ကိန်းဂဏန်း ၄ လုံးစီ သူ့ serial key ကို
မှန်ကန်စွာ ဖြည့်ပါ။ ဒီ serial number ကို အပေါ်ဆုံးက setup မလုပ်မီ ခွေကို
ဖွင့်ကြည့်စဉ် အခန်းထဲတွင် Serial Number.txt ဆိုသည့် ဖိုင်ထဲတွင်
ရှိပါတယ်။ သူ့ရဲ့ Key ကတော့ -
1039-1121-29698-7586-7388-7545
ပြည့်စုံပြီဆိုလျင် Next ကို နှိပ်ပါ။
(၇) သင်ဖြည့်ထည့်ထားတာတွေ မှန်ကန်ပါတယ်။ ဆက်ပြီး လုပ်ဆောင်နိုင်ဖို့ Yes ကို နှိပ်ပါ။
(၈) ခေတ္တစောင့်ပါ။
(၉) PageMaker ဆောဖ့်ဝဲနှင့် တွဲဆက်ပြီး အသုံးပြုရန်လိုအပ်တဲ့
ပရိုဖိုင်အချို့ကို သွင်းယူလိုပါက ရွေးချယ်ရန် နေရာဖြစ်ပါတယ်။ ဘာမှ
ထူးထူးထွေထွေ မရေးတော့ပါ။ Next ကို နှိပ်ပါ။
(၁၀) သွင်းယူဖို့ လုပ်ငန်းစဉ်တွေကို အတိုချုပ် မှတ်ချက် ဖော်ပြထားပါတယ်။ Next ကိုနှိပ်ပါ။
(၁၁) သူ့ဘာသာ ဆိုင်ရာ နေရာများတွင် သွင်းယူပေးပါတယ်။ ခေတ္တစောင့်ပါ။
(၁၂) OK နှိပ်ပါ။
(၁၃) Read Me ဖိုင်မှ စာမဖတ်ချင်တော့ပါသဖြင့် အမှန်ခြစ် ဖြုတ်ခဲ့ပါ။ Next ကို နှိပ်ပါ။
(၁၄) ပြီးဆုံးပါပြီ။ OK နှိပ်ပါ။
(၁၅) ပထမဆုံး ပုံမှ Update အခန်းထဲတွင် update ဖိုင် နှစ်ခုပါရှိပါတယ်။
Update 7.0.1 ကို အရင် သွင်းပါ။ ဒုတိယ အနေဖြင့် Update 7.0.1 a ကို
ဒုတိယသွင်းယူပါ။