ကွန်ပျူတာ အဖွင့်..အပိတ်... မြန်ဆန်စေဖို့ နည်းလမ်း
မင်္ဂလာပါနော် သည်တစ်ခါ ရေးမဲ့နည်းပညာလေးကတော့ မထင်မှတ်တဲ့ နည်းလေးလည်းဖြစ်နိုင်ပါတယ်..
ဆရာ့ ဆရာကြီးတွေအတွက်တော့ ရီစရာ ဖြစ်ခြင်ဖြစ်နေပေမယ့်
ကွန်ပျူတာ ကိုင်စ ဝါသနာရှင် မိတ်ဆွေ များအတွက်တော့
နည်းလမ်း တစ်ခုလို့ ဆိုရပါမယ်... ဒါကတော့
မိမိတို့ကွန်ပျူတာ အတက်...အပိတ်
အရမ်းလေးလံနေတယ်ဆိုတဲ့ သူတွေအတွက် နည်းလမ်းများစွာထဲက နည်းလမ်းလေးတစ်ခုကို ကျနော်
ရေးသားမှာ ဖြစ်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း ကွန်ပျူတာ
အခြေခံနည်းပညာတွေကို
အရမ်းအားနည်းသူတစ်ယောက်ဖြစ်တဲ့အတွက် ခုလို အောက်ခြေ
နည်းလမ်းလေးတွေကနေ စပြီး မတောက်တခေါက် သိတာ
တတ်တာလေးကို ပြန်လည် ဆင့်ပွားမျှေဝလိုက်ခြင်းဖြစ်ပါတယ်...
ကွန်ပျူတာ ဆားဗစ်ဆရာတွေကတော့ ကျော်ခွ
ဖြတ်သွားလိုက်ပါနော်..ကဲ ပုံလေးတွေနဲ့ စိတ်ရှည်စွာ
ရှင်းပြပါ့မယ်..
အဆင့် (၁)...........မိမိတို့ ကွန်ပျူတာ start ကနေ search box မှာ view advance system ဆိုတဲ့စာသားလေးကို ရေးလိုက်ပါ....အောက်ကပုံလေးအတိုင်း လိုက်လုပ်ကြည့်နော်....
ပုံမှာ ပြထားတဲ့ နံပါတ် စဉ်တိုင်းကလစ်သွားလိုက်ပါနော်... အရမ်းလွယ်ကူပါတယ်.... နံပါတ် (၅) မှာဘဲ
စက္ကန့် ဆိုတာကို 1 second လို့ပေးလိုက်ယုံပါဘဲနော်...ပြီးတာနဲ့ အောက်က Ok ပေါ့...။
အဆင့် (၂) .............. ကတော့ အပေါ်ကလိုပါဘဲ start search box ကနေပါဘဲ regedit ဆိုတာလေးကို ရေးထည့် ရှာလိုက်ပါ အောက်မှာ သူနဲ့ပါတ်သက်တဲ့ပုံကိုပြထားပါတယ်......
သူ့ကိုလည်းပုံမှာ ပြထားသလို နံပါတ် စဉ်တိုင်း ကလစ်ပေးသွာလိုက်ပါနော်...
regedit ကိုကလစ်တာနဲ့ ဘောက်လေးကျလာမှဖြစ်ပါတယ်.... အဲမှာဘဲ နံပါတ်စဉ်.... 3,4,5,6, တိုင်းကလစ်ပေးလိုက်တာနဲ့ ဘေးမှာ ရှိတဲ့ စာတန်းတွေထဲက နံပါတ် 7 မှာပြထားတဲ့ စာတန်းကို နှစ်ချက် ကလစ်ပေးလိုက်ပါ... ဒါဆို ဘောက်သေးသေးလေးတစ်ခုကျလာပါမယ်.... ကျလာတဲ့ ဘောက်ထဲမှာ နံပါတ် 12000 လို့ပါလိမ့်မယ်....ဘယ်နံပါတ်ဘဲ ပါခဲ့ပါစေ အဲနေရာကို.. 1000 လို့ ပြောင်းထည့်ပေးပြီး Ok ပေးလိုက်ပါတော့...ဒါဆိုရင် သင့်ရဲ့ လုပ်ဆောင်ချက် ပြီးခဲ့ပါပြီ...
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်...
အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှေဝသွားပါမည်...
ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com
www.aungsanmks.com
www.ninilayy.blogspot.com
ကွန်ပျူတာရဲ့ ဦးနှောက်ကို များများ အလုပ်လုပ်ခိုင်းကြရအောင်
ကွန်ပျူတာတစ်လုံးကို ဦးနှောက်များများနဲ့
အလုပ်လုပ်ခိုင်းချင်ရင်တော့ ဒီနည်းလေးနဲ့
ပြောင်းပေးလိုက်ပါ..။ ကွန်ပျူတာဟာ ဦးနှောက်များများနဲ့
အလုပ်လုပ်ရတဲ့အတွက် စက်ကို ပိုမိုမြန်ဆန်စေပါတယ်..။
တချို့စက်တွေမှာ ဦးနှောက်နှစ်လုံး၊ ဦးနှောက်လေးလုံး
ပါကြပေမယ့် တချို့စက်တွေမှာတော့ ဦးနှောက်တစ်လုံးပဲ
ပါပါတယ်..။ မိမိကွန်ပျူတာမှာ ရှိသလောက်ကိုပဲ
ယူလို့ရမှာဖြစ်ပါတယ်..။ နောက်ထပ် အပိုထည့်ချင်လို့တော့
မဖြစ်နိုင်ပါဘူး...။ လုပ်နည်းလေးကတော့ အောက်ကပုံလေးတွေ
အတိုင်းပါပဲ..။ windows + R နဲ့ အရင်ဆုံး Run Box ကို ဖွင့်ရပါမယ်..။ msconfig
စာသားကို ရိုက်ထည့်ပါ.. ပြီးရင် OK နှိပ်ပါ.. ဒါမှမဟုတ် Enter
ခေါက်ပါ..။ ပေါ်လာမယ့် ဘောက်စ်ထဲမှာ အောက်ကပုံလေးတွေအတိုင်း
ဆက်လုပ်ပေးလိုက်ပါ..။ပုံလေးကိုသေခြာ ကြည့် လိုက်ပါ နံပါတ်စဉ်တိုင်း သွားရမှာ ဖြစ်ပါတယ်... အလွယ်လေးပါနော်...
(၁) ကွန်ပျူတာကနေ Window + R ကိုကလစ်လိုက်ပါ run box ခေါ်တာပေါ့နော်... ဘောက်လေးကျလာတာနဲ့ ဘောက်ထဲမှာ msconfig ဆိုပြီးထည့် အိုကေပါ။
(၂) ဇယားတစ်ခုကျလာမယ်... ကျလာတဲ့ ဇယား ရဲ့ အပေါ်က Boot ဆိုတာကိုကလစ်လိုက်ပါ
အဲမှာ အောက်နားက Advance Option ဆိုတာကို ဆက်ကလစ်လိုက်ပါ... ဘောက်တခုကျမယ်..
(၃) ကျလာတဲ့ဘောက်လေးထဲက Number of Processes ကို အမှန်ခြစ်ပေးပါ...သူ့မှာ ပါတဲ့ နံပါတ်တွေကို ကလစ်ကြည့်ပါ ၁...၂...၃...၄.. စသဖြင့်ပါမယ်.. အများဆုံးပါတဲ့ နံပါတ်ကို ထားလိုက်ပါ။
(၄) ok ပေးလိုက်ပါတော့... အိုကေ ပြီးတာနဲ့ နောက်ဆုံးအေနနဲ့...
(၅) Apply ကိုကလစ်ပါ နောက် ok ကလစ်လိုက်ပါ ဒါဆို ပြီးဆီးအောင်မြင်ပါပြီ
ဘလော့ခရီးသည်
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို
http://www.nyinaymin.org မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်}
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
အားလုံးမင်္ဂလာပါနော်... ခုတင်တဲ့နည်းလမ်းလေးကတော့ ကျွန်တော် ရေးလက်စ ဖြစ်တဲ့ ကွန်ပျူတာမှာ လုပ်ဆောင်သင့်သောအချက်လေးများ ဆိုတဲ့ ထဲက အိုင်း (၅) ကိုဆက်လက်ရေးမှာ ဖြစ်ပါတယ်.. လိုအပ်ချက်လေးများကို စုစည်းပြီး ကြိုးစား ရေးသားထားပါတယ်.. မပြည့်မစုံဘဲ လိုအပ်နေခဲ့ပါက... ကျေးဇူးပြုပြီး ထပ်မံဖြည့်စွက်ကာ လေ့လာပေးကြဖို့ တောင်းဆိုပါရစေ...နော်...
ကဲစမယ်နော်... ပထမဆုံး မိမိတို့ ကွန်ပျူတာရဲ့ Win + R ကိုတွဲကလစ်ကာ Run Box ခေါ်လိုက်ပါနော်.
သည်နည်းကတော့  Start Type တွေနဲ့ မလိုအပ်တဲ့ Services အချို့ကိုပိတ်ထားမှာဖြစ်ပါတယ်
ဒီတော့ ကျွန်တော်တို့ Run ထဲကနေ “msconfig” လို့ရိုက်လိုက်ပီး System Configurationကိုသွားရမှာဖြစ်ပါတယ်...နော်...ကဲစပြီနော်..
ဒီတော့ ကျွန်တော်တို့ Run ထဲကနေ “msconfig” လို့ရိုက်လိုက်ပီး System Configurationကိုသွားရမှာဖြစ်ပါတယ်...နော်...ကဲစပြီနော်..
အဲလို ထည့်လိုက်တာနဲ့ဘဲ System Configuration ဇယားကျလာပါပြီ
ဇယားရဲ့ အပေါ်က Startup ဆိုတာကိုကလစ်ပေးလိုက်ပါနော်.. နောက်
ကျလာတဲ့ ထဲက မလိုအပ်တာတွေကို အကုန် အမှန်ခြစ်
ဖြုတ်ပေးလိုက်ပါ... အားလုံးကို Disable all ဆိုပြီး
အမှန်ဖြစ်အားလုံး ဖြုတ်ထားလည်း ပြဿနာမရှိဘူးနော်
မိမိတို့သဘောပါ ကျနော်ကတော့ ၃..၄...ခုလောက်ဘဲ
ထားပါတယ်.. ပုံမှာ နမူနာကြည့်စေခြင်လို့
လုပ်ပြထားတာပါ... သူက ဝင်းဒိုးတက်တာကို လေးလံစေပါတယ်...
ဒါကြောင့် မလိုအပ်ပါက အမှန်မခြစ်ဖို့ ပြောခြင်ပါတယ်...
ကဲ ပြီးတာနဲ့ Apply လေးဘဲပေးထားလိုက်ပါ... OK
မလိုသေးဘူးနော် သည်နေရာမှာဘဲ လုပ်စရာတွေ
ရှိနေပါသေးတယ်...ဆက်ကြမယ်...
Boot ကိုကလစ်လိုက်ပါ.....အပေါ် ကဘဲနော်...စောစောက Startup လိုမျိုးပေါ့နော်..
Boot ထဲရောက်တာနဲ့ ပထမ ညာဘက်က နံပါတ် (၂) နေရာက Timeout နေရာမှာ 3 seconds ကိုဘဲထားပေးလိုက်ပါနော်...ဘာလို့လည်းဆိုတော့ ဝင်းဒိုးတက်တက်ချင်း
ရွေးချယ်စရာ (Dual Boot တင်ထားတယ်ဆိုရင်ပေါ့) OS တွေရှိရင်တော့ 3 စက္ကန့်ပဲသတ်မှတ်
ထားတဲ့အတွက်ကြောင့် ဝင်းဒိုးအတက်ကိုမြန်ဆန်စေပါတယ်။နေဦး နောက် နံပါတ် (၃) Advanced options ဆိုတာကိုကလစ်လိုက်ပါ...
ရွေးချယ်စရာ (Dual Boot တင်ထားတယ်ဆိုရင်ပေါ့) OS တွေရှိရင်တော့ 3 စက္ကန့်ပဲသတ်မှတ်
ထားတဲ့အတွက်ကြောင့် ဝင်းဒိုးအတက်ကိုမြန်ဆန်စေပါတယ်။နေဦး နောက် နံပါတ် (၃) Advanced options ဆိုတာကိုကလစ်လိုက်ပါ...
ကလစ်တာနဲ့ ညာဘက်က ဇယားလေး တခု ထပ်ကျလာမှာ ဖြစ်ပါတယ်...
ကျလာတဲ့ထဲက.. NumberProcessors ဆိုတာမှာ အမှန်ခြစ်ပါ
သူ့ထဲမှာ နံပါတ် ဘယ်တိုင်းတာ ထိပါလဲ နောက်က
မျှားလေးကိုကလစ်ကြည့်ပါ ပါလာတဲ့ ထဲက အမြင့်ဆုံးနံပါတ်
ထိ ထားပေးလိုက်ပါ..အနော့်စက်ကတော့
1-2 ဘဲပါတော့ 2 ဆိုတာ ထားလိုက်ပါတယ်.. တချို့ဆို 1-2-3-4-
ဆိုတဲ့ထိ ပါလိမ့်မယ်..
အမြင့်ဆုံးကိုသာရွေးချယ်ပေးလိုက်ပါနော်..ပြီးတာနဲ့
ညာဘက်ကဇယားကို ok ပေးလိုက်ပါ..
မထွက်နဲ့အုံးနော် ပင်မ System Configuration ဇယားကနေ ပေါ့..ကျန်တေးတယ်..ေိေိ
Service ဆိုတာကိုကလစ်လိုက်ပါ
Services
ကိုရောက်တာနဲ့ အပေါ်ပုံပါ သူလည်း အပေါ်ဆုံးက Stratup
တုန်းကလိုပေါ့... မိမိတို့ မလိုအပ်သော အရာများကို
အမှန်ခြစ် ဖြုတ်ပေးရမှာ ဖြစ်ပါတယ်.....ပြီးတာနဲ့ Apply/Ok
ရပျွီနော် ထွက်လို့..ေိေိ
သည်လို နည်းလမ်းလေးတွေ လုပ်ပေးခငျွးဖြင့် မိမိတို့
ကွန်ပျူတာလေးလည်း လန်းဆန်းပေါ့ပါးလာလိမ့်မယ်ဆိုတာ ယုံကြည်
မျှော်လင့်ခြင်းဖြင့်... အဆင်ပြေနိုင်ကြပါစေနော်....
ဆက်လက်လေ့လာလိုပါက
==============
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း
ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား
မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော်
ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
ဘလော့ခရီးသည်သို့ ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို
http://www.nyinaymin.org မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်}
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၄)
မင်္ဂလာပါဗျာ သည်နည်းလမ်းလေးကတော့ ကွန်ပျူတာအတွက်
လုပ်ဆောင်သင့်သော နည်းလမ်းလေးများထဲ နံပါတ်စဉ် (၄)
ခုမြောက်ဖြစ်ပါတယ်... အရင်က ၁-၂-၃ ဆိုပြီး
ရေးခဲ့ပြီးပါပြီနော်
ကဲ ဒါလေးကတော့ ကွန်ပျူတာ မှာ မလိုအပ်တဲ့ အမှိုက်တွေ ဝင်းဒိုးလော့ တွေကို ရှင်းလင်းပေးဖို့
နည်းလမ်းကောင်းလေးဘဲ ဖြစ်ပါတယ်... လုပ်နည်းလေးကို အောက်မှာ သေခြာ ရှင်းပြထားပါတယ်..
ပထမဆုံး မိမိတို့ကွန်ပျူတာ start ကနေဖြစ်စေ Win + R တွဲလို့ဖြစ်စေ run box ကိုခေါ်လိုက်ပါနော်
ပထမဆုံး နမူနာလေးတစ်ခုနဲ့ ရှင်းပြလိုက်ပါ့မယ်... အလားတူ
လုပ်ဆောင်ရမှာကတော့ အောက်ကဖေါ်ပြထားတဲ့ အချက်
ငါးချက်ကိုပါဘဲ...တခု လုပ်ပြတာနဲ့ ကျန်တာ အကုန် အလားတူ
လုပ်ဆောင်ရမှာ ဖြစ်ပါတယ်နော်... ကဲစမယ်နော်.....
၁။ temp ကို ရိုက်select all(ctrl+A)ပြီးရင်(shift+delete..)
၂။ %temp% ကို ရိုက် select all(ctrl+A)ပြီးရင်(shift+delete.)
၃။ prefetch ကိုရိုက် select all (ctrl+A) ပြီးရင် (shift+delete)
၎။ recent ကိုရိုက် selete all (ctrl+A) ပြီးရင် (shift+delete)
၅။ cookies ကိုရိုက် selete all(ctrl+A) ပြီးရင် (shift+delete)
ပထမဆုံး နံပါတ် (၁) ကိုနမူနာ ထားလုပ်ပြပါ့မယ်နော် ခုလို ထည့်ပြီး အိုကေ ပေးလိုက်တာနဲ့...
ဇယားကွက်ကြီးနဲ့ အတူ အထဲမှာ မလိုလားအပ်သော အမှိုက်များ
ရှိနေပါတယ်.. ဖိုင်တွေ တွေ့လို့ နှေမျာ မနေနဲကနော်
အဲတာတွေက သင့်ကွန်ပျူတာကို
လေးလံစေတာတွေပါ..အချိန်ကြာလာလာလေလေ
အရမ်း များလာလေလေ လေးလံ လာလေလေဘဲဆိုတာ နားလည်ထားပေးပါနော်....
အဲအထဲက ဖိုင်တွေ အားလုံးကို select all ( Ctrl + A ) နဲ့ အကုန် အပြာခဲ ခြစ်လိုက်ပါ...နောက်
Delete လိုက်ပါနော်...ရဲရဲ သာ ဖျက်ပြစ်လိုက်ပါဗျာ.... အသုံးမဝင်တာတွေကို စက်အလေးခံ ထားဖို့မလိုပါ
အဲလို ဖျက်တဲ့ခါမှာ ဘောက်လေးတခု ကျကျလာမယ်ဗျ...သူကတော့ အောက်မှာ ကြည့်လိုက်ပါ.....
ခုလိုလေး ကျလာတဲ့အခါမျိုးမှာ တိုင်းပေါ့နော်...
အနီဝိုင်းပြတဲ့နေရာ အမှန်ခြစ်ပေးပါ Skip
ကိုကလစ်ပေးပါ...သူ ကျကျလာတိုင်း ထို့နည်းတူ
လုပ်ပေးလိုက်ပါနော်... နောက် ပြောခြင်သေးတယ်
တချို့ ဖျက်လို့ မရတဲ့ ဖိုင်လေးတွေ ကျန်နေတတ်တယ်... တခု
ချင်း စီ မောက်နဲ့ ညာကလစ် delete လုပ်ကြည့်ပါအုံး
မရတော့ဘူးဆိုရင်တော့ ထားခဲ့လိုက်ပါနော်...
ဖျက်မရတော့လို့ပါ ပြဿနာမရှိပါ..
ကဲ အပေါ်က ပြထားတဲ့ အချက် နံပါတ်စဉ် (၅) ခုစလုံး သည်နည်းနဲ့ဘဲ ကစ်လိုက်တော့ဗျာနော်....
နောက် Window Clear Logs ဆိုတာကို ရှင်းပေးကြရအောင်နော်....သူကိုလည်း run box ခေါ်လိုက်ပါ
အဲထဲမှာဘဲ eventvwr ဆိုတဲံစာသားလေး ထည့်ပြီး အိုကေ ပေးလိုက်ပါနော်....
အဲခါမှာ အောက်မှာ ဇယားကြီးတခု ကျလာမှာဖြစ်ပါတယ်
လွယ် ကူစေဖို့ နံပါတ်စဉ်လေး လုပ်ပေးထားပါတယ် အစဉ်လိုက်သွားလိုက်ပါနော်....အဆင်ပြေမှာပါ
Window Logs ဆိုတာကို နှစ်ချက် ကလစ်ပေးလိုက်ပါ ဒါဆို အောက်မှာ သူနဲ့ ဆိုင်တဲ့ စာကြောင်း
applacation
security
setup
system
forwarded events ဆိုပြီးကျလာတာတွေ့ရမယ်.. အဲစာ တန်းတွေကိုဘဲ တခုချင်းစီပေါ့ မောက်တင် ညာကလစ်ပေး clear logs ဆိုတာကလစ်လိုက်ပါ...ဒါဆို ဘောက်သေးသေးလေးကျလာမယ်.....
Clear ဆိုတာကလစ်ပေးပြီး ရှင်းပေးလိုက်ပါနော်..ဒါဆို ပြီးပါပြီဂျာာ
ဆက်လက်လေ့လာလိုပါက
==============
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၃)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း
ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား
မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော်
ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
ဘလော့ခရီးသည်သို့ ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို
http://www.nyinaymin.org မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်}
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၃)
မင်္ဂလာပါနော် သည်နေ့ ကျနော် ထပ်မံ ကြိုးစားပြီး ကွန်ပျူတာအတွက် လုပ်သင့်သော အချက်လက်လေးများဆိုတာကို ရေးသားမှာ ဖြစ်ပါတယ်.. အရင်နေ့က နံပါတ် (၁) နဲ့ (၂ ) ကိုတင်ပြ
ပြီးဖြစ်တဲ့အတွက် သည်ဟာကတော့ နံပါတ် (၃) ပေါ့ဗျာ.. ကဲ စလိုက်ကြရအောင်ဗျာနော်
ကဲ ပထမဆုံး မိမိတို့ ကွန်ပျူတာရဲ့ Sound Effect တွေကို ပိတ်ဖို့အတွက် Start ကနေ Contro Panel
ကိုသွားလိုက်ပါနော်...
ရောက်ပြီဆိုတာနဲ့ ပထမဆုံး ညာအပေါ်ထောင့်က View by: ဆိုတာတချက်ကြည့်ပါ မိမိကွန်ပျူတာမှာ
အပေါ်ပုံပြထားသလို အကုတ် မပေါ်ဘူးဆိုပါက large icon ဆိုတာပြောင်းပေးလိုက်ပါ... အိုကေ
ပြီးတာနဲ့ sound effect တွေ ပိတ်ဖို့ Sound ဆိုတဲ့ စပီကာပုံလေးကို ကလစ်ပါ... ဘောက်လေးထွက်ပေါ်လာပါလိမ့်မယ်နော်.. ဘောပ်အပေါ်က sound ဆိုတာကလစ်ပါ..
၁- sound scheme ဆိုတာနောက်က မျှားလေးကလစ်လိုက်ပါ....
၂- no sound ဆိုတာကို ထားပေးလိုက်ပါနော်....
၃- ထားပြီးနောက် save as ဆိုတာကလစ်ပြီး no sound နေရာ မိမိနှစ်သက်ရာ အမည်ပေးပါ...
ကျနော်ကတော့ aungsan ဆိုတဲ့ ကိုယ့်အမည်ဘဲပေးလိုက်တယ်....
၎- ဒါဆို အဲအတွက် ပြီးပြီပေါ့ Apply-Ok ပေါ့နော်....
================================================
နောက်ထပ် တဆင့်တက်ကြမယ်... မိမိတို့ ကွန်ပျူတာထဲက MyComputer ဆိုတာကို ညာကလစ်ပေးလိုက်ပါ နောက် အောက်ဆုံးက Properties ကိုဝင်ပေးလိုက်ပါနော်....
အဲမှာ System ဇယားကြီးတခုကျလာမှာဖြစ်ပါတယ်...အဲထဲက Advanced Syatem Setting ဆိုတာကိုကလစ်သွားလိုက်ပါ.....
Syatem Properties ဆိုတဲ့ ဇယားတခုကျလာမှာ ဖြစ်ပါတယ်.. အဲဇယားအပေါ်က Advance ဆိုတာကလစ်ပါ အိုကေ အဲလိုကလစ်ပြီး အပေါ်ဆုံးမှာ ရှိနေမယ့် Performance ဆိုတာရဲ့ Setting
ဆိုတာကိုကလစ်ပေးလိုက်ပါ....
ပုံမှာ ပြထားတဲံ ညာဘက်က ဇယားဖြစ်တဲ့ Performance Options ဆိုတဲ့ ဇယားကျလာမှာ ဖြစ်ပါတယ်..
ထိုဇယားထဲကနေ Custom ဆိုတဲ့ ရှေ့ အမှတ်ပေးပြီး အောက်မှာ ရှိနေတဲ့ Vissual Effects စာတိုင်တွေမှာပေါ့.... မိမိတို့အတွက် လိုအပ်သည်များကိုသာအမှန်ခြစ် ထားပေးလိုက်ပါ ကျနော်ကတော့ နည်းနည်းလေးဘဲ ထားထားတာမို့ တချို့ သည်ထက်ပိုတဲ့ စာတိုင်တွေလဲ ရှိလာမှာ ဖြစ်ပါတယ်...
ဥပမာ။ ။ Enable aero Peek / Enable desktop compostion / စတဲ့စတဲ့ စာလေးတွေ
ပိုပါလာခဲ့မယ်ဆိုရင်လည်း အမှန်ခြစ်ပေးထားနိုင်ပါတယ်.... မလိုအပ်ရင်တော့ မပေးဘဲ ထားလည်းရပါသေးတယ်..ေိေိ...စုသဘော..စုသဘော...ပြောရမလို ပေါ့..ကဲ အဆင်ပြေပါပြီနော်
ဆက်လက်လေ့လာလိုပါက
==============
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၄)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
ဘလော့ခရီးသည်သို့ ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ
လယ်တီမြေသားသို့ဒီမှာ သွားလိုက်ပါ
စာပေနန်းတော်သို့ဒီမှာ သွားလိုက်ပါ
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို
http://www.nyinaymin.org မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်}
အကြိုက်ဆုံးဆိုဒ်တွေကို Computer ပေါ်မှာ App Shortcut လေးလုပ်တင်ထားမယ်
မင်္ဂလာပါ သည်နည်းလမ်းလေးကိုတော့ သဘောကျလိမ့်မယ်လို့
မျှော်လင့်မိပါတယ်... မဆန်းကျယ်လှေပမယ့်
အသုံးဝင်စေတဲ့နည်းလမ်းဆို မမှားပါဘူး... ဘာလဲဆိုတော့
မိမိတို့ အရမ်း ခရေစီ ဖြစ်တဲ့ အမြဲ
လိုလိုဝင်နေကျဖြစ်တဲ့ ဆိုဒ်တွေ ကို မိမိတို့ ကွန်ပျူတာ
Desktop ပေးမှာ မှန်ပြင် မှာ
အိုင်ကွန်လေးအဖြစ် အလွယ်တကူတင်ထားတဲ့နည်းလမ်းလေးတခုဘဲ ဖြစ်ပါတယ်....
ဒါကို Desktop App လို့ဆိုရမလားဘဲဗျ... သူကတော့ Chrome Browser
ကနေဘဲ စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်.... လုပ်နည်းကို
အောက်မှာ ပုံလေးတွေနဲ့ တစ်ကွ ဖြေရှင်းထားပါတယ်..
Chrome Browser ကနေ နှစ်သက်တဲ့ ဝက်ဆိုက်ကိုသွားပါ။ပြီးရင် Customize & control Chrome button ကိုနှိပ်ပြီး Tools ကနေတဆင့် Create application shortcut ကိုနှိပ်ပါ။
ပုံမှာ ပြထားသလိုပေါ့ အဆင့်ဆင့် နံပါတ်စဉ်အလိုက် သွားပေးလိုက်ပါနော်...
နောက် တဆင့်အနေနဲ့ အိုင်ကွန်လေး ရေးဖို့ ဘောက်လေးတစ်ခုကျလာမှာ ဖြစ်ပါတယ်နော်...
မိမိတို့ နှစ်သက်သလို ရွေးချယ် အမှန်ခြစ်ပေးလိုက်ပါနော်..ဒါဆို လုပ်ဆောင်ချက် ပြီးမြောက်ပါပြီ..
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်...
အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှေဝသွားပါမည်...
ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com
www.aungsanmks.com
www.ninilayy.blogspot.com
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို
http://www.nyinaymin.org မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်}
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၂)
မင်္ဂလာပါ သည်နည်းလမ်းလေးကတော့ ကွန်ပျူတာအတွက် လုပ်ဆောင်သင့်သော နည်းလမ်းများထဲက အပိုင်း(၂) ဘဲ ဖြစ်ပါတယ်... အဓိကတော့ မိမိတို့ စက်ဝင်းဒိုးတင်ပြီးခါစ မှာပိုပြီးလိုအပ်ပါလိမ့်မယ်..နော်.
ကွန်ပျူတာ ဆားဗစ်သမားတွေအတွက် မလိုအပ်ပေမယ့် လေ့လာခါစ ညီငယ် မောင်မယ်များအတွက် ဝါသနာရှင်အဆင့်အနေနဲ့ ကျွန်တော်..လေ့လာ မှတ်သားမိသလောက် ပြန်လည် မျှေဝခြင်းပါ... ကဲစမယ်
အဆင့် (၁) အနေနဲ့ မိမိတို့ ကွန်ပျူတာ start ကနေ ဖြစ်စေ Win + R ကိုတွဲကလစ်သည်ဖြစ်စေ
Run Box ကိုခေါ်လိုက်ပါ... ကျလာတာနဲ့ “gpedit.msc” ကိုထည့်ပြီး ok ပေးလိုက်ပါ....
ခုလိုထည့်တာနဲ့ အောက်ဖော်ပြပါပုံအတိုင်း Group Policy Editor ပေါ်လာမှာဖြစ်ပါတယ်
ပုံသေခြာ မမြင်ရပါက ကလစ်လိုက်ပါ... နံပါတ်စဉ်တိုင်းသွားပေးလိုက်ရင် ရပါပြီ....
ထိုအထဲမှာမှ ကျွန်တော်တို့က Computer Configuration အောက်က Administrative Template Tool
အောက်က Windows Components ထဲက AutoPlay Policies ထဲကိုဝင်ပီး ညာဘက်ခြမ်းမှာရှိတဲံ
“Turn offAutoplay” ဆိုတာကို Double Click နှိပ်လိုက်ပါ။
Default အရဆိုရင် Radious Check Box လေးက Not Configured ဖြစ်နေပါမယ်။ အဲဒါကိုကျွန်တော်
တို့က Enabled လို့သတ်မှတ်ပီး Turn off Autoplay on ဆိုတဲ့နေရာမှာ All Drives ရွေးချယ်မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Apply / OK ဆိုတာကိုနှိပ်ပေးလိုက်ပါ
လုပ်ဆောင်ချက်တွေကတော့ အပေါ်ကလုပ်ခဲ့သလိုပါဘဲနော်... အပေါ်အဆင့် (၁) တုန်းက
Computer Configuration ကနေလုပ်ခဲ့တာပါ ခု အဆင့်(၂) ကတော့ user configuration ကနေလုပ်တာ ပါ....ကျန်တာ အားလုံး အလားတူဘဲ ဖြစ်ပါတယ်နော်...
user configuration အောက်က Administrative Template Tool
အောက်က Windows Components ထဲက AutoPlay Policies ထဲကိုဝင်ပီး ညာဘက်ခြမ်းမှာရှိတဲံ
အောက်က Windows Components ထဲက AutoPlay Policies ထဲကိုဝင်ပီး ညာဘက်ခြမ်းမှာရှိတဲံ
“Turn offAutoplay” ဆိုတာကို Double Click နှိပ်လိုက်ပါ။
Default အရဆိုရင် Radious Check Box လေးက Not Configured ဖြစ်နေပါမယ်။ အဲဒါကိုကျွန်တော်
တို့က Enabled လို့သတ်မှတ်ပီး Turn off Autoplay on ဆိုတဲ့နေရာမှာ All Drives ရွေးချယ်
မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Apply / OK ဆိုတာကိုနှိပ်ပေးလိုက်ပါ
တို့က Enabled လို့သတ်မှတ်ပီး Turn off Autoplay on ဆိုတဲ့နေရာမှာ All Drives ရွေးချယ်
မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Apply / OK ဆိုတာကိုနှိပ်ပေးလိုက်ပါ
ဆက်လက်လေ့လာရန်
===========
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၃)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၄)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)ဆက်လက်ရေးသွားပါ့မယ်
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၄)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)ဆက်လက်ရေးသွားပါ့မယ်
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်...
အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှေဝသွားပါမည်...
ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com
www.aungsanmks.com
www.ninilayy.blogspot.com
www.aungsanmks.com
www.ninilayy.blogspot.com
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို
http://www.nyinaymin.org မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်}
Computer အတွက်လုပ်သင့်သော နည်းလမ်းများ (၁)
မဂ်လာပါနော်သည်နေ့ ရေးမဲ့ နည်းပညာလေးကတော့ ကွန်ပျူဆာ
ဆားဗစ် ဆရာတွေအတွက် ရီစရာဖြစ်ကောင်းဖြစ်နေမှာပါ
ဒါပေမယ့် ကျွန်တော်လို မလည်မဝယ်...ယောင်ဝါး
ပညာသင်ဘဝလေးတွေအတွက် နည်းလမ်းလေးတစ်ခု တိုးပါစေဆိုတဲ့
ရည်ရွယ်ချက်နဲ့ ရေးခြင်းဖြစ်ပါတယ် သိသူ ကျော်သွား
မသိသူဖေါ်စားပေါ့နော်..ေိေိ
ဘာလဲဆိုတော့ မိမိတို့ကွန်ပျူတာကို လုပ်ဆောင်သင့်တဲ့အချက်အလက်လေးတွေ များစွာထဲက တစ်ခု
လို့ဆိုကြပါစို့... အထူးသဖြင့် ဝင်းဒိုးတင်ပြီးစ
စက်များအား မဖြစ်မနေ လုပ်ပေးသင့်တယ်လို့ ယူဆမိပါတယ်...
နောက် လိုအပ်ချက်လေးတွေကို နံပါတ်စဉ်လိုက်
တင်ပေးသွားပါ့မယ်... ဒါကတော့
နံပါတ် (၁) အနေနဲ့ပေါ့နော်...
အဆင့် (၁) အနေနဲ့ကတော့...............
ကဲစမယ်ဗျာ..... ပထမဆုံး မိမိတို့ ကွန်ပျူတာ Start ကနေ ဖြစ်ဖြစ် Win + R ကိုဘဲ တွဲကလစ်လစ်
run box ကိုခေါ်လိုက်ပါနော်.. အဲကျလာတဲ့ ဘောက်ထဲမှာ regedit ဆိုတာလေးထည့် enter (သို့)
ok ပေးလိုက်ပါနော်..အောက်မှာပုံလေးတိုင်းပေါ့.....။
အိုကေ အဲလို ခေါ်လိုက်တာနဲ့ regedit ဆိုတဲ့ ဇယားကြီးတစ်ခုကျလာမှာ ဖြစ်ပါတယ်...ကြည့်လိုက်ပါ
အတိုခေါက်အနေနဲ့ ( HKCU/Control Panel/Desktop ) ပါ...
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ လွယ်ပါတယ်....
HKEY-CURRENT-USER ဆိုပြီးရှိမယ် အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
Contro Panel နောက် ထပ် Desktop ဆိုပြီး တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay
ဆိုတဲ့စာတန်းလေးရှာပါ တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ
ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို ဘာဘဲ ကျလာလာ ( 0 )..သုည ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
အဆင့် (၂) အနေနဲ့ကတော့...အောက်မှာ ဆက်ကြည့်ပါ.. သည်နေရာကဘဲ ပြန်စမှာဖြစ်ပါတယ်..
regedit ဇယားကြီးကို မဖျက်လိုက်ပါနဲကနော်..အဲထဲကဘဲဆက်သွားမယ်....
အတိုခေါက်အနေနဲ့ကတော့ ( HKLM/SYSTEM/CurrentControlSet/Control ) ပါ။
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ လွယ်ပါတယ်....
HKEY-LOCAL-MACHINE ဆိုပြီးရှိမယ် အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
Syatem နောက် ထပ် CurrentControlSet နောက် Control ရဲ့ ညာဘက်ခြမ်းမှာရှိသော”Wait
toKill Services TimeOut”ကလစ်ပေးလိုက်ပါ ( နှစ်ချက်ကလစ်ပါ)
ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို ဘာဘဲ ကျလာလာ ( 50 )..ငါးဆယ် ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်

အဆင့် (၃) အနေနဲ့ကတော့ ဆက်လက်ကြည့်လိုက်ပါနော်...
အတိုခေါက်အနေနဲ့ကတော့ ( HKEY-USER/S-1-5-19/Control Panel/Desktop )
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ လွယ်ပါတယ်....
HKEY-USER ဆိုပြီးရှိမယ် အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
S-1-5-19 နောက် ထပ် Control Panel အဲနောက် Desktop တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို ဘာဘဲ ကျလာလာ ( 0 )..သုည ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
HKEY-USER ဆိုပြီးရှိမယ် အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
S-1-5-19 နောက် ထပ် Control Panel အဲနောက် Desktop တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို ဘာဘဲ ကျလာလာ ( 0 )..သုည ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
မှတ်ချက်...........
အပေါ်ကပြထားတဲ့အတိုင်း HKEY-USER/S-1-5-19/Control Panel/Desktop ကိုလုပ်ခဲ့သည်လိုဘဲ...
S-1-5-19 ရဲ့အောက်မှာကျန်နေသေးတဲ့ S-1-5-20 ကိုလည်းပဲ အလားဆူ လုပ်ဆောင်ပေးလိုက်ပါ
ကဲ ဗျာ...ပီးသွားရင်တော့ Registry ထဲမှာ
အနည်းငယ်လုပ်ပီးသွားပြီလို့
ဆိုရမယ်ဗျာ..…ကျွန်တော်တို့Window7မှာတော့ Registry
ပိုင်း ကို အများကြီးလိုက်ပြင်ပေးစရာမလိုပါဘူး အကယ်လို့ သင်ဟာ WindowXP User ဆိုရင်တော့ တော်တော်လေး များမယ်ထင်တယ်..နော်...
ပိုင်း ကို အများကြီးလိုက်ပြင်ပေးစရာမလိုပါဘူး အကယ်လို့ သင်ဟာ WindowXP User ဆိုရင်တော့ တော်တော်လေး များမယ်ထင်တယ်..နော်...
ဆက်လက်လေ့လာရန်
============
=Computer အတွက်လုပ်သင့်သော နည်းလမ်းများ (၃)
=Computer အတွက်လုပ်သင့်သော နည်းလမ်းများ (၄)
=Computer အတွက်လုပ်သင့်သောနည်းလမ်းများ (၅)
=Computer အတွက်လုပ်သင့်သော နည်းလမ်းများ (၄)
=Computer အတွက်လုပ်သင့်သောနည်းလမ်းများ (၅)
ဆက်လက်ရေးသွားပါ့မယ်..
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို
http://www.nyinaymin.org မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်}